Page အတု အစစ်




၁။ ဆရာပေ့ချ်ဟုတ်သလားဆရာ

၂။ ဆရာရှင့် ဒေါက်တာတင့်ဆွေ ကျန်းမာရေး ဆောင်းပါးများက ဆရာသုံးပါသလားရှင့် 

မဟုတ်ပါ။ 

အရင်ကလည်း မေးကြတယ်။ ကျွန်တော်က စာရေးဆရာမဟုတ်လို့ "ဆောင်းပါး" လို့ တကြိမ်တခါမှ မသုံး။ "ဆေးပညာစာများ" လို့သာသုံးပါတယ်။ 

ကိုယ့် ပေ့ချ် (စာမျက်နှာ) ဟုတ်မဟုတ်က အတော်စစ်ရတယ်။ ဟိုတနှစ်က ဒီလိုရက်မှာ ကျွန်တော့  ပေ့ချ် (စာမျက်နှာ) အတုတွေ အတော်သောင်းကျန်းခဲ့လို့ 'ရီပို့' လုပ်ရ အသိပေးရတယ်။ အတုတွေက ၄-၅-၆ ခုရှိပုံရတယ်။

တချို့နေရာတွေမှာ မေးတဲ့သူတွေကမေး၊ ကျွန်တော်နာမည်နဲ့ ဖြေတဲ့သူတွေလည်းဖြေ။ ကနွဲ့ကရတွေ။ မတော်မရော်တွေ။ ကျွန်တော်က ကျန်းမာရေးမေသူတွေကို တကြိမ်တခါမှ "သမီး" လို့ မခေါ်ပါ။ ပုံပို့ပေးပါ လို့ မခိုင်းပါ။ အတုက သမီးရဲ့ ( - ) ပုံပို့ပေးပါတဲ့။ သမီးဆိုသူတွေကလည်း ( -) ပုံတွေ ပို့ကြသတဲ့။ နောက်ငွေညှစ်ခံရတာလောက်သာ ပြန်ပြောလို့သိရတယ်။ တခြားမတော်တရော်တွေပါ ရှိချင် ရှိဦးမယ်။

နောက်တကြိမ်မှာတော့ ဆီးချိုဆေးအတုရောင်းတာမှာ ကျွန်တော့အမည်နဲ့ ဓါတ်ပုံကို ဖြတ်ညှပ်ကပ်လုပ်တယ်။ အဲဒါလည်း အတော်ကို 'ရီပို့' လုပ်ရတယ်။

ကိုယ်မသိသေးတဲ့ နောက်အတုတွေလည်း ရှိဦးမလေား မသိသေး။

လူအမည်နဲ့ လူဓါတ်ပုံနဲ့တော့ အတု-အစစ် ခွဲမရပါ။ ပေ့ချ် (စာမျက်နှာ) ဆိုရင် likes နဲ့ followers အရေအတွက်တွေပါရတယ်။ လက်ရှိ 'အက်တစ်' ဖြစ်နေတာ ၂ ခုရှိတယ်။

ဒီလို ပုံ + likes + followers အရေအတွက်တွေ တူရင် ဆရာ သုံးနေတာဖြစ်တယ်။

Doctor Tint Swe 

9.9K likes • 11K followers အစစ်

Tint Swe 

61K likes • 65K followers အစစ်

၆ လပိတ်ခံထားရတဲ့  ပေ့ချ် (စာမျက်နှာ) မှာ likes နဲ့ followers အရေအတွက်တွေ 100k ဝန်းကျင် ရှိတယ်။

ဖေ့စ်ဘွတ်ကလည်း လူကြည့်များရင် ပိတ်သလားမပြောတတ်။ လက်ရှိအကောင့်ကိုပါ လူများများဆီအရောက်အောင် ကန့်သတ်ထားလို့ စာဖတ်သူ နည်းတယ်။ မတတ်နိုင်။ ကိုယ်ပိုင်ဟုတ်ပေမဲ့ ကိုယ်မပိုင်။ တရားသဘော စစ်မှန်၏။

အတု ၂ ခု နဲ့ အစစ် ၂ ခု နမူနာပုံတွေ တင်ပြလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments