Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ

ဆရာရှင့် မေးစရာလေးရှိလို့ပါရှင် ကျွန်မအသက် ၅၃ နှစ်ရှိပါပြီရှင့် ကျွန်မနှလုံးသွေးကြောကျဉ်းလို့ဆေးတွေသောက်နေရတာ ၁၀နှစ်ကျော်ပါပြီရှင့် ကျွန်မနေမကောင်းဖြစ်ရင် တကိုယ်လုံးအားမရှိ မနက်ပိုင်းဆိုအန်တယ်ဆရာ ညနေပိုင်းရောက်ရင်သက်သာသွားတယ်ဆရာရှင့် ဆေးသောက်ရဲ့သားနဲ့ဖြစ်တာဆိုတော့ဘယ်လိုနေထိုင်စားသောက်ရမလဲအကြံပေးပါအုံး ဆရာရှင့် နေမကောင်းဖြစ်တာကတော့ တလမှာတခါနေမကောင်း နှစ်လတခါအဲလို ဖြစ်နေလို့ပါဆရာရှင့် သောက်ဆေးတွေကတော့ဒီဆေးတွေပါဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါဆရာရှင့်

Link လင့် ၃ ခုပို့လိုက်တယ်။ သေချာ ဖတ်ပါ။ လိုတာ လိုက်နာပါ။
- ဆေးပုံမှန်သောက်နေရမယ်။
- အစားအသောက်ကို ဆရာဝန်ပြောတဲ့အတိုင်းသာ လိုက်နာရန်လိုရမယ်။ အရပ်ပြောတွေ၊ ဖေ့စ်ဘွတ်မှာ ထင်ရာရေးတာတွေကို နားမယောင်နဲ့။
- ကိုယ်လက်လှုပ်ရှားမှု လိုတယ်။
Acute Heart Attack Treatment ရုတ်တရက် နှလုံးအတက် ရရင် ဘာလုပ်ရမလဲ https://dr-tint-swe.blogspot.com/2021/01/acute-heart-attack-treatment.html
Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ https://dr-tint-swe.blogspot.com/2021/10/ischemic-heart-disease.html
Foods for Heart နှလုံးတွက်တာ အစားအစာများ https://dr-tint-swe.blogspot.com/2022/01/foods-for-heart.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ