ရှောက်သီး သံပရာသီး ကမ္ဗလာသီး လိမ္မော်သီး



Lemon/Lime fruits မြန်မာလို ဘယ်လိုခေါ်သလဲစာကို တင်တော့ AI ကို ဘာသာပြန်အကူအညီတောင်းပါတယ်။ 

7 Reasons To Drink More Lemon Water ရှောက်သံပရာရည်ကို ပိုမိုသောက်သုံးသင့်သည့် အကြောင်းရင်း ၇ ချက်

ကွန်မင့်တွေလာတယ်။

၁။ ​ရှောက်သံပရာသီးက သံပယိုသီးကို ​ပြောတာပါလား

၂။ သံပုယိုသီးလား

၃။ ရှောက်သံပုရာကဘာလဲမသိဘူးနော်

ဒီနေ့တခါ ထပ်မေးတော့ သံပရာသီး လို့ ဘာသာပြန်ပေးတယ်။

Lemons သံပရာသီးအကြောင်း သိကောင်းစရာများ

Judson dictionary (ယုဒသန်)  

Lemon = ရှောက်ချဉ်သီး

Lime = သံပုရာသီး

English-Myanmar dictionary 

Lemon = ရှောက်သီး၊ သံပရိုသီး

Lime = သံပရာသီး

Google images 

Lemon ပုံ (၁)

Lime ပုံ (၂)

အင်္ဂလိပ်-မြန်မာ ဘာသာပြန်အခေါ်တွေ အဆင်မပြေတာတွေ မနည်းလှပါ။ Orange ကို အများအားဖြင့် လိမ္မော်သီးလို့သာ ပြောဆို ရေးသားကြတယ်။

အမှန်က

Orange = ကမ္ဗလာသီး(ရှောက်မျိုး)

မြန်မာ-အင်္ဂလိပ် အဘိဓာန်

Tangerine, orange with loos skin) = လိမ္မော်သီး ပုံ (၃)

ဘာသာပြန် အဆင်မပြေတာတွေ ရှိသေးတယ်။ နှုတ်ကျိုးနေတာတွေကို အပြင်ရခက်တယ်။ လူအများစုက ကိုယ်သိထားတာကနေ တပြားမှ မလျှော့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ