တူရကီစတိုင် ကြက်သားနှင့် ပန်းသီး ဖုတ်နည်း
နွေးနွေးထွေးထွေးနှင့် မွှေးပျံ့ပြီး သဘာဝအတိုင်း စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်သော တူရကီစတိုင် လင်ဗန်းဖုတ်ဟင်းလျာ ဖြစ်သည်။ ချိုမြိန်သော ပန်းသီး၊ မွှေးပျံ့သော ဟင်းခတ်အမွှေးအကြိုင်များနှင့် နူးညံ့သော ကြက်သားတို့ကို ပေါင်းစပ်ထားသဖြင့် ပေါ့ပေါ့ပါးပါးနှင့် ခန္ဓာကိုယ်ကို လန်းဆန်းစေမည့် ညစာတနပ် ဖြစ်စေပါသည်။
ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံသား: ၁ ပေါင် (အတုံးခပ်လတ်လတ် တုံးထားပါ)
ပန်းသီး: ၂ လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်နီအနီ: ၁ လုံး (လှီးထားပါ)
ဇူကီနီ (Zucchini) သခွားသီး: ၁ လုံး (လှီးထားပါ)
ငရုတ်ပွအနီ: ၁ လုံး (လှီးထားပါ)
သံလွင်ဆီ: ထမင်းစားဇွန်း ၂ ဇွန်း
ဇီရာမှုန့်: လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပပရီကာ (Paprika) ငရုတ်သီးမှုန့်: လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သစ်ကြံပိုးခေါက်မှုန့်: လက်ဖက်ရည်ဇွန်း 1/2 ဇွန်း
ဆား: လက်ဖက်ရည်ဇွန်း 1/2 ဇွန်း
ငရုတ်ကောင်းမှုန့်: လက်ဖက်ရည်ဇွန်း 1/4 ဇွန်း
သံပရာရည် (သို့မဟုတ် သံပိုရည်): သံပရာသီး အရွယ်တော် တခြမ်းစာ
နံနံပင် (Fresh Parsley): အပေါ်မှ ဖြူးရန်
________________________________________
ချက်ပြုတ်နည်း လမ်းညွှန်
၁။ မီးဖိုအပူပေးခြင်း: ဖုတ်မည့် Oven မီးဖိုကို 425°F (220°C) ဖြင့် ကြိုတင်အပူပေးထားပြီး ဖုတ်မည့်လင်ဗန်းတွင် ဆီခံစက္ကူ (Parchment Paper) ခင်းထားပါ။
၂။ အသားနှင့် အသီးအရွက်များ ပြင်ဆင်ခြင်း: တုံးထားသော ကြက်သား၊ ပန်းသီး၊ ကြက်သွန်နီ၊ ဇူကီနီ သခွားသီးနှင့် ငရုတ်ပွတို့ကို ဖုတ်မည့် လင်ဗန်းထဲသို့ ထည့်ပါ။
၃။ အရသာသွင်းခြင်း: သံလွင်ဆီနှင့် သံပရာရည်တို့ကို အပေါ်မှ ဆမ်းပေးပြီးနောက် ဇီရာမှုန့်၊ ပပရီကာမှုန့်၊ သစ်ကြံပိုးခေါက်မှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ဖြူးပေးပါ။
၄။ နယ်ခြင်း: ပါဝင်ပစ္စည်းများအားလုံး အရသာ သမသွားအောင် သေချာစွာ နယ်ပေးပြီးနောက် လင်ဗန်းပေါ်တွင် တပြေးညီ (တထပ်တည်း) ဖြစ်အောင် ဖြန့်ခင်းပါ။
၅။ ဖုတ်ခြင်း: ကြက်သားကျက်ပြီး ပန်းသီးများ နူးအိလာသည်အထိ မိနစ် ၂၀ မှ ၂၅ မိနစ်ခန့် ဖုတ်ပေးပါ။ (မိနစ်ဝက်ခန့် ရောက်လျှင် တခေါက် လှန်ပေး၊ မွှေပေးရပါမည်)။
၆။ တည်ခင်းခြင်း: ဖုတ်ပြီးလျှင် အပေါ်မှ နံနံပင် (Parsley) ဖြူးကာ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။
________________________________________
ဝိတ်ချလိုသူများအတွက် သင့်တော်ပြီး စိတ်ကို ကြည်နူးစေမည့် အရောင်အသွေးစုံလင်သော ညစာတနပ်ကို ပြင်ဆင်လိုပါက ဤဟင်းလျာကို စမ်းသပ်ချက်ပြုတ်ကြည့်ဖို့ အကြံပြုချင်ပါသတဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment