အိန္ဒိယသက်သတ်လွတ် ဆီးချိုသမား အစားအစာဇယား
၇ ရက်စာ အိန္ဒိယသက်သတ်လွတ် ဆီးချိုသမား အစားအစာဇယား
မနက်စာ: မနက် ၈ နာရီမှ ၉ နာရီ
မနက်ခင်းအဆာပြေ: မနက် ၁၁ နာရီ
နေ့လယ်စာ: နေ့လယ် ၁ နာရီမှ ၂ နာရီ
လက်ဖက်ရည်ချိန်: မွန်းလွဲ ၃ နာရီ
ညနေစာ: ညနေ ၇ နာရီ
ညစာ: ည ၈ နာရီမှ ၉ နာရီ
အိပ်ရာဝင်အဆာပြေ: ည ၁၀ နာရီ
ပထမနေ့
မနက်စာ: ပဲနောက်ခြမ်းမုန့် (Moong Dal Chillas) ၂ ချပ် နှင့် ပူစီနံဆော့စ် (Mint Chutney)
မနက်ခင်းအဆာပြေ: ပန်းသီးအသေး ၁ လုံး
နေ့လယ်စာ: ဆန်လုံးညို ၁ ခွက်၊ ဟင်းသီးဟင်းရွက်စုံဟင်း ၁ ခွက်၊ ပဲဟင်း (Dal) ခွက်တဝက်၊ ဒိန်ချဉ် (Curd) ပန်းကန်လုံးအသေး ၁ လုံး
လက်ဖက်ရည်ချိန်: လှော်ထားသော ကုလားပဲ သို့မဟုတ် အညှောက်ပေါက်နေသော ပဲပင်ပေါက်များနှင့်အတူ လက်ဖက်ရည်ကြမ်း (သို့) ဂရင်းတီး (Green Tea)
ညနေစာ: ဟင်းသီးဟင်းရွက်စွပ်ပြုတ် ၁ ခွက်
ညစာ: ဂျုံစုံရိုတီ (Multigrain Rotis) ၂ ချပ်၊ ရုံးပတီသီးအစာသွပ်ဟင်း (Bharwa Bhindi) ၁ ခွက်၊ အညှောက်ပေါက်ပဲနောက်ခြမ်း (Sprouted Moong) ခွက်တဝက်
အိပ်ရာဝင်အဆာပြေ: နနွင်းနို့ ၁ ဖန်ခွက်
ဒုတိယနေ့
မနက်စာ: ဟင်းသီးဟင်းရွက် အုတ်ဂျုံ (Oats Upma) ၁ ခွက်
မနက်ခင်းအဆာပြေ: လိမ္မော်သီးအသေး ၁ လုံး
နေ့လယ်စာ: ပြောင်းဖူးရိုတီ (Jowar Rotis) ၂ ချပ်၊ ဟင်းနုနွယ်ပန်းနီးယား (Palak Paneer) ၁ ခွက်၊ ပဲနီလေး (Rajma) ခွက်တဝက်
လက်ဖက်ရည်ချိန်: လှော်ထားသော ကုလားပဲ သို့မဟုတ် ပဲပင်ပေါက်များနှင့်အတူ လက်ဖက်ရည်ကြမ်း (သို့) ဂရင်းတီး
ညနေစာ: လှော်ထားသော ဇီရာစေ့ပါဝင်သည့် ဒိန်ချဉ်နို့ (Buttermilk) ၁ ခွက်
ညစာ: ဆန်လုံးညို ၁ ခွက်၊ ဟင်းသီးဟင်းရွက်စုံဟင်း ၁ ခွက်၊ ပဲဟင်း (Dal) ပန်းကန်လုံးအသေး ၁ လုံး
အိပ်ရာဝင်အဆာပြေ: နနွင်းနို့ ၁ ဖန်ခွက်
တတိယနေ့
မနက်စာ: အိဒ်လီ (Idlis) အသေး ၂ ခု နှင့် ပဲဟင်းချို (Sambar)
မနက်ခင်းအဆာပြေ: ဘယ်ရီသီးစုံ ၁ ခွက်
နေ့လယ်စာ: ရာဂီ (Ragi) ရိုတီ ၂ ချပ်၊ ဆိုယာပဲပြားဟင်း ၁ ခွက်၊ သခွားသီးဒိန်ချဉ်သုပ် (Cucumber Raita) ၁ ခွက်
လက်ဖက်ရည်ချိန်: လှော်ထားသော ကုလားပဲ သို့မဟုတ် ပဲပင်ပေါက်များနှင့်အတူ လက်ဖက်ရည်ကြမ်း (သို့) ဂရင်းတီး
ညနေစာ: အစေ့အဆန်စုံ တလက်ဆုပ်ခန့်
ညစာ: ဂျုံစုံရိုတီ ၂ ချပ်၊ ပဲစိမ်းပန်းနီးယား (Matar Paneer) ၁ ခွက်၊ ပဲနောက်ခြမ်း (Moong Dal) ခွက်တဝက်
အိပ်ရာဝင်အဆာပြေ: နနွင်းနို့ ၁ ဖန်ခွက်
စတုတ္ထနေ့
မနက်စာ: ဟင်းသီးဟင်းရွက် ဆန်ပြားသုပ် (Poha) ၁ ခွက်
မနက်ခင်းအဆာပြေ: သစ်တော်သီးအသေး ၁ လုံး
နေ့လယ်စာ: ဆန်လုံးညိုထမင်းဆီသတ် (Pulao) ၁ ခွက်၊ ဟင်းသီးဟင်းရွက်စုံဟင်း ၁ ခွက်၊ ဒိန်ချဉ် ပန်းကန်လုံးအသေး ၁ လုံး
လက်ဖက်ရည်ချိန်: လှော်ထားသော ကုလားပဲ သို့မဟုတ် ပဲပင်ပေါက်များနှင့်အတူ လက်ဖက်ရည်ကြမ်း (သို့) ဂရင်းတီး
ညနေစာ: ဟင်းသီးဟင်းရွက်စွပ်ပြုတ် ၁ ခွက်
ညစာ: လူး (Bajra) ရိုတီ ၂ ချပ်၊ ခရမ်းသီးမီးဖုတ်သုပ် (Baingan Bharta) ၁ ခွက်၊ ပဲနီလေး (Masoor Dal) ခွက်တဝက်
အိပ်ရာဝင်အဆာပြေ: နနွင်းနို့ ၁ ဖန်ခွက်
ပဉ္စမနေ့
မနက်စာ: ဟင်းသီးဟင်းရွက် ပန်းနီးယားကြော် ၂ ခု၊ ဂျုံကြမ်းပေါင်မုန့်ကင် (Whole Wheat Toast) ၁ ချပ်
မနက်ခင်းအဆာပြေ: မာလကာသီးအသေး ၁ လုံး
နေ့လယ်စာ: ဂျုံစုံရိုတီ ၂ ချပ်၊ တိုဖူးဟင်း ၁ ခွက်၊ ဂေါ်ဖီထုပ်ဟင်း (Cabbage Sabzi) ခွက်တဝက်
လက်ဖက်ရည်ချိန်: လှော်ထားသော ကုလားပဲ သို့မဟုတ် ပဲပင်ပေါက်များနှင့်အတူ လက်ဖက်ရည်ကြမ်း (သို့) ဂရင်းတီး
ညနေစာ: ပဲပင်ပေါက်သုပ် ၁ ခွက်
ညစာ: ဆန်လုံးညို ၁ ခွက်၊ ပဲစုံဟင်း ၁ ခွက်၊ ဘူးသီးဟင်း (Lauki Sabzi) ၁ ခွက်
အိပ်ရာဝင်အဆာပြေ: နနွင်းနို့ ၁ ဖန်ခွက်
ဆဋ္ဌမနေ့
မနက်စာ: ရာဂီဆန်ပြုတ် (Ragi Porridge) ၁ ခွက်
မနက်ခင်းအဆာပြေ: သစ်သီးစုံသုပ် ပန်းကန်လုံးအသေး ၁ လုံး
နေ့လယ်စာ: ပြောင်းဖူးရိုတီ ၂ ချပ်၊ ကုလားပဲဟင်း (Chole) ၁ ခွက်၊ မုန်လာဥနီနှင့် ပဲသီးကြော် ခွက်တဝက်
လက်ဖက်ရည်ချိန်: လှော်ထားသော ကုလားပဲ သို့မဟုတ် ပဲပင်ပေါက်များနှင့်အတူ လက်ဖက်ရည်ကြမ်း (သို့) ဂရင်းတီး
ညနေစာ: လှော်ထားသော ကြာစေ့ (Makhana) ပန်းကန်လုံးအသေး ၁ လုံး
ညစာ: ဂျုံစုံရိုတီ ၂ ချပ်၊ တိုဖူးကြော် ၁ ခွက်၊ ခရမ်းချဉ်သီးဟင်းရည် (Rasam) ခွက်တဝက်
အိပ်ရာဝင်အဆာပြေ: နနွင်းနို့ ၁ ဖန်ခွက်
သတ္တမနေ့
မနက်စာ: ကုလားပဲမှုန့်မုန့် (Besan Chillas) အသေး ၂ ချပ် နှင့် ပူစီနံဆော့စ်
မနက်ခင်းအဆာပြေ: သင်္ဘောသီးစိတ်အသေး ၁ စိတ်
နေ့လယ်စာ: ဆန်လုံးညို ၁ ခွက်၊ ပဲနီလေး (Rajma) ၁ ခွက်၊ ပန်းဂေါ်ဖီထုပ်ဟင်း ခွက်တဝက်
လက်ဖက်ရည်ချိန်: လှော်ထားသော ကုလားပဲ သို့မဟုတ် ပဲပင်ပေါက်များနှင့်အတူ လက်ဖက်ရည်ကြမ်း (သို့) ဂရင်းတီး
ညနေစာ: ဗာဒံစေ့ ၂-၃ စေ့ပါဝင်သော ဒိန်ချဉ်နို့ ၁ ခွက်
ညစာ: ရာဂီရိုတီ ၂ ချပ်၊ ဟင်းသီးဟင်းရွက်စုံဟင်း ၁ ခွက်၊ ဟင်းသီးဟင်းရွက်သုပ် ခွက်တဝက်
အိပ်ရာဝင်အဆာပြေ: နနွင်းနို့ ၁ ဖန်ခွက်
ဒေါက်တာတင့်ဆွေ



Comments
Post a Comment