ဈေးကြီးတာရယ်လို့ မပါ
Keto၊ Paleo၊ အချိန်ပိုင်းအစာဖြတ်ခြင်း (Intermittent fasting) သို့မဟုတ် မြေထဲပင်လယ်ဒေသ အစားအသောက်ပုံစံ (Mediterranean) စသည်တို့အားလုံးမှာ ထိရောက်မှုရှိကြပါသည်။
သို့သော် သင်က တလထက်ပို၍ အမြဲတမ်းမလုပ်ဆောင်နိုင်ပါက မည်သည့်နည်းလမ်းမှ ထိရောက်မည်မဟုတ်ပါ။
အကောင်းဆုံးသော အစားအသောက်ပုံစံဆိုသည်မှာ ယခုမှစ၍ နောက်တနှစ်အထိ သက်သောင့်သက်သာဖြင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည့် နည်းလမ်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။
အစားအသောက်ကို အလွန်အကျွံစားခြင်း (Binges၊ အစားအစာအပေါ် မုန်းတီးစိတ်ဝင်ခြင်း သို့မဟုတ် စားမိသည့်အတွက် နောင်တရ အပြစ်ရှိစိတ်ဝင်ခြင်းမျိုး မရှိစေရပါ။
လူအများစုအတွက် ထိရောက်မှုရှိသော ရိုးရှင်းသည့် အခြေခံမူ ၃ ချက်မှာ -
နပ်တိုင်းတွင် ဟင်းသီးဟင်းရွက် ပါဝင်ပါစေ။
နပ်တိုင်းတွင် ပရိုတင်း (အသား၊ ငါး၊ ပဲ) ပါဝင်ပါစေ။
အချိုရည်များအစား ရေကိုသာ သောက်ပါ။
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment