ကိုယ်ဝန် နှင့် ကိုယ်ဝန်ဆောင်
ကိုယ်ဝန်သည်၊ ကိုယ်ဝန်ဆောင်သည် လို့ ရေးနေကြတာတွေ မမှန်ပါ။ ခဏခဏတွေ့တယ်။
သည်လို့ထည့်လိုက်ရင်
- ပန်းသည်
- ရေသည်
- ဈေးသည်
ရောင်းချသူ။
ကိုယ်ဝန်သည် ဆိုရင် ကိုယ်ဝန်ရောင်းတဲ့သူလိုလို အထင်မှားစေနိုင်တယ်။
ကိုယ်ဝန်ကို မရောင်းသင့်ပါ။
သယ်ဆိုတာ သယ်ဆောင်တာ။
ကိုယ်ဝန်သယ်ဆိုပြန်ရင်လည်း ကိုယ်ဝန်ကို သယ်ဆောင်သူ။
သူ့ကိုယ်ပိုင်အရာ မဟုတ်သလို အထင်မှားစေနိုင်တယ်။
ကိုယ်ဝန်ဆောင်စဉ်
ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်မိခင်များ သိထားသင့်သော အာဟာရများ
ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး
သူများ မှားတိုင်း လိုက်မမှားနဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment