ဒေသထွက်အစားအစာတွေလည်း ကောင်းပါတယ်

ကွန်မင့်တခု = ငါးဈေးကြီးလို့ သိပ်မစားနိုင်ဘူး။

ဆောရီး။ 

သူများတိုင်းပြည်တွေက Salmon ဆမန်း ခေါ် ဆော်လ်မွန်ငါး ကောင်းကြောင်းသာ ရေးကြလို့ 

ရေချိုငါးတွေကို တင်ပြခြင်းဖြစ်ပါတယ်။

အာဟာရ ပညာပေးစာတွေ ရေးတဲ့အခါ ယူအက်စ်အေက ဆေးသုတေသနတွေကို ကိုးကားရပေမဲ့ ကိုယ်နေထိုင်ရာအရပ်မှာရှိတဲ့ အစားအစာတွေနဲ့ ချိန်ထိုးနိုင်ကြောင်း ထည့်ရေးပါတယ်။

ဥပမာ

ငါးတွေထဲမှာ အရိုးပါစားလို့ရဲ့ ငါးသေးသေးလေးတွေလည်း ကောင်းတယ်။

သင်္ဘောသီး၊ သရက်သီး၊ သံပရာသီး၊ ဆီးဖြူသီး၊ မာလကာသီး၊ ငှက်ပျောသီး။

သခွါးသီး၊ ဟင်းနုနွယ်ရွက်၊ ကစွန်းရွက်၊ ဒန့်သလွန်ရွက်၊ ရုံးပတီသီး၊ ဆလတ်ရွက်၊ ပဲစောင်းလျားသီး ကောင်းတယ်။

ချဉ်ပေါင်ရွက်၊ ဗူးသီး၊ ခရမ်းသီး ကောင်းတယ်။

ပဲမျိုးစုံ ကောင်းတယ်။

တို့ဟူး၊ ပဲပုပ် ကောင်းတယ်။

သံလွင်ဆီ အကောင်းဆုံးဆိုပေမဲ့ ကိုယ့်ဆီကထွက်တဲ့ မြေပဲဆီ အစစ်၊ နှမ်းဆီ အစစ်တွေကလည်း ကောင်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ