မှန်ညိုပင် ဆေးကျော်ကြီး

မိတ်ဆွေတယောက်က လင့် ပို့လို့ စူးစမ်းကြည့်ပါတယ်။

အမည်ကတော့ တယောက်တမျိုး။

ဆေးကျော်ကြီး (ဝီကီပီးဒီးယား)

Plantago major L. မှန်ညိုပင် (AI)

မှန်ညိုပင်သည် ရင့်လာသောအခါ ပျော့ပျောင်းပြီး ခိုင်ခံ့သော အမျှင်များ ပါဝင်သဖြင့် အရေးပေါ် အခြေအနေများတွင် ကြိုးအသေးစားများ၊ ငါးဖမ်းကြိုးများ၊ ခွဲစိတ်ခန်းသုံး ချုပ်ကြိုးများ သို့မဟုတ် ကျစ်ဆံမြီးကျစ်ရန်အတွက် အသုံးပြုနိုင်ပါသည်။ အချို့သော မျိုးစိတ်များကို ဥယျာဉ်များတွင် အလှစိုက်ပင်အဖြစ် စိုက်ပျိုးကြပြီး ၎င်းတို့ထဲတွင် အရွက်ခရမ်းရောင်ရှိသော 'Rubrifolia' နှင့် အရွက်အပြောက်ပါသော 'Variegata' တို့ ပါဝင်ပါသည်။

နုနယ်သော အချိန်တွင် အရွက်များကို အသုပ်အဖြစ် စားသုံးနိုင်သော်လည်း ရင့်လာပါက အမျှင်များထွက်ကာ ကြမ်းတမ်းသွားတတ်ပါသည်။ ရင့်သောအရွက်များကို ဟင်းချို သို့မဟုတ် ဟင်းချက်ရာတွင် ထည့်သွင်းချက်ပြုတ်နိုင်ပါသည်။ အစေ့များသည် အလွန်သေးငယ်သဖြင့် စုဆောင်းရန် ခက်ခဲသော်လည်း ၎င်းတို့ကို ဂျုံမှုန့်အစားထိုး သို့မဟုတ် ဂျုံမှုန့်နှင့် ရောစပ်အသုံးပြုရန်အတွက် အမှုန့်ကြိတ်နိုင်ပါသည်။

ဆေးဖက်ဝင် ဂုဏ်သတ္တိများနှင့် အာဟာရတန်ဖိုး

မှန်ညိုပင်တွင် allantoin၊ aucubin၊ ursolic acid၊ flavonoids နှင့် asperuloside စသည့် ရုက္ခဗေဒဆိုင်ရာ ဓာတုပစ္စည်းများ ပါဝင်ပါသည်။ မှန်ညိုပင်မှ ထုတ်ယူရရှိသော အဆီအနှစ်များ၏ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကိုလည်း လေ့လာမှုများ ပြုလုပ်ထားပါသည်။ ကျေးလက်ရိုးရာ ဆေးဝါးများတွင် အရွက်များကို ဒဏ်ရာများ၊ အနာများနှင့် အင်းဆက်ကိုက်ခြင်းများအတွက် ဆေးအုံရန် အသုံးပြုကြပြီး၊ အမြစ်ကိုမူ ဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများအတွက် အသုံးပြုခဲ့ကြပါသည်။

လတ်ဆတ်သော အရွက် ၁၀၀ ဂရမ်တွင် ပါဝင်သော အာဟာရဓာတ်များ:

စွမ်းအင် - ၁၈.၄ ကယ်လိုရီ

ပရိုတင်း - ၂.၂၉ ဂရမ်

ကာဗိုဟိုက်ဒရိတ် (Net) - ၂.၀၃ ဂရမ်

အဆီဓာတ် - ၀.၁၈ ဂရမ်

အမျှင်ဓာတ် - ၃.၈၈ ဂရမ် (အမျှင်ဓာတ် အလွန်မြင့်မားပါသည်)

မှတ်ချက်

ဆေးသုတေသန မတွေ့ဘူးသေးပါ။ 

လူတွေကို အသုံးပြုနိုင်တဲ့ဆေးတွေကို သုတေသနအဆင့်ဆင့်လုပ်ရတယ်။

ဓါတ်ခွဲခန်း၊ အကောင်၊ လူဦးရေနည်းနည်း၊ လူဦးရေများများ၊ FDA အဆင့်ဆင့် လုပ်ရပါတယ်။

ကျန်းမာရေးအတွက် မြန်မာလိုရေးတင်ကြတာတွေက လက်လွှတ်စပယ် များတယ်။

အမည်အခေါ်ရခက်တာ ဆီးချိုပျောက်သတဲ့။

အမည်ဆန်းပေးပြီး သွေးတိုးပျောက်သတဲ့

ဘယ်လိုက်ရှာရမှန်းမသိတာ ကင်ဆာပျောက်သတဲ့။

ဒေါက်တာ ဘာညာ၊ Dr. ဘယ်ဝါ ဆိုပြီး တင်နေတာတွေကိုလည်း ခဏခဏတွေ့တယ်။

စောစောကတခု တွေ့တယ်။ Hantavirus က ကိုဗစ် ထက်ဆိုးသလား တဲ့။

မဆိုးပါ။ 

သတင်းထွက်နေတာ အနည်းဆုံး ၃ ရက်ရှိပြီ။ မြန်မာပြည်အတွက် သတိထားစရာမဟုတ်လို့ တင်ပြခြင်း မပြုပါ။

ကိုဗစ် (ဝူဟန် နူမိုးနီးယာ) သတင်းကို မြန်မာစာနဲ့ ကျွန်တော်က ပဌမဦးဆုံးတင်ပြခဲ့ပါတယ်။

ခြောက်လှန့် ပြူးပြပြီး ရေးတာမျိုးတွေကိုသာ စိတ်ဝင်စားကြတယ်။

စဉ်းစားတွေးတောမှု တည်တည်ငြိမ်ငြိမ်မရှိတာကို ပြသတာဖြစ်ပါတယ်။

အကိုးအကား အထောက်အထားခိုင်မာတာကို အားမကိုးရင် အလွဲအမှားနဲ့သာညားမယ်။

သုတ၊ ပညာ၊ အတွေးအခေါ် တိုးတက်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ