ဒေါက်ခွရွက် နဲ့ ဆင်ငိုမြက်


ဆရာ အမေရိကမှာတော့ အိမ်ရှေ့ ကမြက်ပင်တွေပေါ်မှာ ပေါက်တတ် တဲ့အရိုင်းပင်တွေနဲ့ တူသလိုထင်ရတယ် စားသုံးလို့ရနိုင်ပါသလား မြက်ရိုင်းပင်တွေကိုလဲ ဆင်ငိုမြက်လို့ပြောကြတယ် ဟုတ်ပါသလားပြောပြပေးပါ ကျေးဇူးတင်ပါတယ်

ဆင်ငိုမြက်ကို စားရတယ်လို့ မကြားဘူးပါ။

Dandelion  ဒေါက်ခွရွက် နဲ့ Eleusine indica ဆင်ငိုမြက် အတော်ကို မတူပါ။

မြန်မာနိုင်ငံတွင် "မြေစာမြက်" (သို့မဟုတ်) "ဆင်ငိုမြက်" (အချို့ဒေသများတွင် "ဆင်နင်းမြက်"၊ "ဆင်ခြေဖုံးမြက်") ဟု လူသိများသည့် မြက်ပင်အမျိုးအစား ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာဖြင့် Goose Grass၊ Crowfoot Grass သို့မဟုတ် Paragis ဟု ခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ Eleusine indica ဖြစ်ပါသည်။

ဤမြက်ပင်သည် မြေပြင်တွင် ကြယ်ပုံသဏ္ဌာန် ဘေးသို့ ဖြာထွက်၍ အလွန်သိပ်သည်းစွာ ပေါက်ရောက်တတ်ပါသည်။

အမြစ်စနစ် အလွန်ခိုင်မာသဖြင့် ဆင်ကြီးများပင် နှာမောင်းဖြင့် နှုတ်ယူရန် ခဲယဉ်းလောက်အောင် မြေကြီးကို မြဲမြံစွာ တွယ်ကပ်ထားနိုင်ခြင်းကြောင့် "ဆင်ငိုမြက်" ဟု အမည်တွင်ခြင်း ဖြစ်ပါသည်။

ဆေးဝါးဗေဒဆိုင်ရာ လေ့လာချက်များအရ ဤ Eleusine indica (Goose Grass) တွင်—

Antioxidant (အောက်ဆီဂျင်ဓာတ်တိုးဆန့်ကျင်ပစ္စည်း): ခန္ဓာကိုယ်တွင်း ဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးသည်။

Anti-inflammatory (ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း): အဆစ်အမြစ် ရောင်ရမ်းခြင်းနှင့် ခန္ဓာကိုယ်တွင်း နာကျင်ရောင်ရမ်းမှုများကို သက်သာစေနိုင်သည့် ဓာတ်ပေါင်းများ ပါဝင်ကြောင်း တွေ့ရှိရပါသည်။

အညာဒေသအပါအဝင် မြန်မာပြည်အနှံ့အပြားရှိ ကွင်းပြင်များနှင့် လမ်းဘေးဝဲယာများတွင် အလွယ်တကူ တွေ့ရှိနိုင်သော ရိုးရာဆေးဖက်ဝင် မြက်ပင်တမျိုး ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ