Effects of car exhausts on edible vegetables


မော်တော်ယာဉ်အိတ်ဇောငွေ့များက စားသုံးဆီလျော်သော ဟင်းသီးဟင်းရွက်များအပေါ် သက်ရောက်မှုများ

ကွန်မင့်တခု =ဆရာ Texas ပြည်နယ် မှာ မြူရွက် နဲ့ မုန်ညှင်း အရိုင်းပင်တွေ သဘာ၀ အလျောက် ပေါက်နေတာတွေ အတော်များများ ဟိုင်းဝေးလမ်းမဘေးတွေမှာ တွေ့ရတတ်ပါတယ် ကျွန်တော်တို့ မြန်မာပြည်သားတွေက သဘာ၀ ဟင်းရွက် ဆိုပြီး ခူးယူစားသုံးကြပါတယ် ကျွန်တော့အထင်မစားသုံးသင့်ဘူးလို့ထင်ပါတယ် သူများစာတာတွေ့တော့လဲစားချင်မိပါတယ် ကားမီးခိုးအငွေ့က ထွက်လာတဲ့ Carbon dioxide (CO₂) Carbon monoxide (CO) Nitrogen oxides (NOx) Hydrocarbons အခိုးအငွေ့က လမ်းဘေးက အပင်တွေပေါ်မှာ သက်ရောက်နိုင်တယ်ထင်လို့ပါ ကျန်းမာရေး အသိပညာပေးအနေနဲ့ စား သင့်/မသင့် ရေးသား ရှင်းပြ စေလိုပါတယ် ဆရာရဲ့ စေတနာ ကရုဏာ နဲ့ပေးတဲ့ ကျန်းမာရေး ဗဟုသုတတွေက အဝေးရောက် မြန်မာပြည်သားများအတွက်အကျိုးကြီးလှပါတယ် ရိုသေလေးစားလျက်ပါ ဆရာ

ပြန်စာ

မော်တော်ယာဉ်အိတ်ဇောငွေ့များက စားသုံးဆီလျော်သော ဟင်းသီးဟင်းရွက်များအပေါ် သက်ရောက်မှုများ

စိုးရိမ်ရသည့် ဘေးအန္တရာယ်- မြို့ပြရှိ အပင်များ ကြီးထွားလာချိန်တွင် ခဲနှင့် ဒီဇယ်မှိုင်းကဲ့သို့သော လေထုထဲမှ အမှုန်အမွှားများက အပင်များပေါ်တွင် ဖုံးလွှမ်းသွားမည်ဖြစ်သည်။ အပင်များသည် အဆိုပါ အဆိပ်အတောက်ဖြစ်စေသော သို့မဟုတ် ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပစ္စည်းအချို့ကို စုပ်ယူနိုင်ပြီး၊ အနည်းဆုံးအားဖြင့် အဆိုပါအမှုန်အမွှားများသည် အချိန်ကြာလာသည်နှင့်အမျှ အပင်များ၏ မျက်နှာပြင်ပေါ်တွင် စုပုံလာမည်ဖြစ်သည်။

တွေ့ရှိရသည့် သက်ရောက်မှုများတွင် မျိုးစေ့အပင်ပေါက်မှုကို ဟန့်တားခြင်း၊ မျိုးစေ့များ၏ အန်တီအောက်ဆီးဒင့် (Antioxidants) လှုပ်ရှားမှုနှင့် ပရိုတင်းဓာတ်ပါဝင်မှု ပြောင်းလဲခြင်းတို့ ပါဝင်သည်။ ဒီဇယ်အိတ်ဇောငွေ့ညစ်ညမ်းမှုနှင့် ၁၂၀ မိနစ်ကြာ ထိတွေ့ခဲ့ရသည့် မုန်ညင်းစေ့ (Canola) တွင် ၇၁ % နှင့် အာရူဂူလာ (Arugula) တွင် ၈၄ % ဖြင့် အနိမ့်ဆုံး မျိုးစေ့အပင်ပေါက်နှုန်းကို တွေ့ရှိခဲ့ရသည်။

မြို့ပြလမ်းဘေးရှိ ဟင်းသီးဟင်းရွက်များတွင် လေးလံသောသတ္တု (Heavy metal) ညစ်ညမ်းမှု- အရင်းအမြစ်များ၊ ထိတွေ့မှုလမ်းကြောင်းများနှင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ။

ဖုန်မှုန့်များနှင့် ပိုးသတ်ဆေးများကို ဖယ်ရှားရန် ဟင်းသီးဟင်းရွက်များကို မည်သို့သန့်စင်မည်နည်း

(How to Clean Vegetables to Remove Dirt and Pesticides)

ဖုန်မှုန့်များနှင့် မျက်နှာပြင်ပေါ်ရှိ အဏုဇီဝပိုးမွှားများကို ဖယ်ရှားရန်အတွက် စီးဆင်းနေသောရေအောက်တွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို သင့်လက်ဖြင့် ခပ်သွက်သွက် ပွတ်တိုက်ဆေးကြောပါ။ အကယ်၍ ရေထဲတွင် နှစ်၍ဆေးမည်ဆိုပါက ဘေစင် (Sink) ထက်စာလျှင် သန့်ရှင်းသော ဇလုံတခုက ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘေစင်၏ ရေနုတ်မြောင်းတဝိုက်တွင် အဏုဇီဝပိုးမွှားများ အလွယ်တကူ ခိုအောင်းနေနိုင်သောကြောင့် ဖြစ်သည်။ အခွံမာသော သို့မဟုတ် မာကျောသော အပေါ်ယံအရေပြားရှိသည့် အသီးအနှံများကို ဟင်းသီးဟင်းရွက်တိုက်သည့် ဘရက်ရှ် (Brush) ဖြင့် ပွတ်တိုက်ဆေးကြောနိုင်ပါသည်။

အခြေခံစည်းမျဉ်းမှာ ဦးစွာ သင့်လက်ကို စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ၊ ထို့နောက်မှ ဟင်းသီးဟင်းရွက်များကို သန့်စင်ပါ။

သစ်မြစ် ဟင်းသီးဟင်းရွက်များ၊ မာကျောသော အခွံရှိသည့် အမျိုးအစားများနှင့် အရွက်ဖားဖား အစိမ်းရောင်ဟင်းသီးဟင်းရွက်များအတွက် ဆေးကြောသန့်စင်နည်းစနစ်များ ကွာခြားမှုရှိသည်။

ဘက်တီးရီးယားများ အပေါက်ငယ်များထဲသို့ မဝင်ရောက်နိုင်စေရန် ဟင်းသီးဟင်းရွက်အားလုံးကို ရေအေးဖြင့် ဆေးကြောသင့်သည်။

မကြာသေးမီနှစ်များအတွင်း သင်သည် ရိုမိန်းဆလတ်ရွက် (Romaine lettuce) သို့မဟုတ် ဟင်းနုနွယ်ရွက်များကို ရေဆေးချသည့် အလေ့အထ ရှိကောင်းရှိနေပါလိမ့်မည်။ သို့မဟုတ်ပါက ပလတ်စတဗူးထဲမှ အသင့်ဆေးပြီးသား ဆလတ်ရွက်ကို တန်းစားရန် သို့မဟုတ် မုန်လာဥနီကို အခွံမခွာ၊ ပွတ်တိုက်မဆေးဘဲ ကိုက်စားရန် သင် နှစ်ခါပြန် စဉ်းစားနေမည်မဟုတ်ပေ။ သင်ဝယ်လာသည့် သမရိုးကျနည်းဖြင့် စိုက်ပျိုးထားသော ပန်းဂေါ်ဖီစိမ်း (Broccoli) သည် ဆိုင်တင်မရောင်းချမီက ဆေးကြောခဲ့ပြီး ဖြစ်နိုင်သော်လည်း၊ ပိုးသတ်ဆေးများ ကျန်ရှိနေဦးမည်ကို သင် စိုးရိမ်နေမိနိုင်သည်။ အကယ်၍ သင်သည် ကြက်သွန်မြိတ်ကြီး (Leeks) များကို ချက်ပြုတ်ဖူးပါက အတွင်းဘက်အရွက်များမှ ဖုန်နှင့်ရွှံ့များကို ဆေးကြောပစ်ရန် မည်မျှအရေးကြီးကြောင်း သင်သိပါလိမ့်မည်။

တရုတ်နံနံ သို့မဟုတ် ပန်းဂေါ်ဖီကို စားရန် စီစဉ်သည်ဖြစ်စေ၊ သင်၏ ဟင်းသီးဟင်းရွက်များကို ဦးစွာ ဆေးကြောရန်မှာ အလွန်အရေးကြီးပါသည် (အချက်အပြုတ်သင်တန်းကျောင်းတွင် ကျွန်ုပ်တို့ကို အသင့်စား အစားအစာများကို အမြဲဆေးကြောရန် သင်ကြားခဲ့သည်၊ အသီးအနှံရိတ်သိမ်းစဉ်က ဘက်တီးရီးယား သို့မဟုတ် အမှိုက်သရိုက်များ ခိုအောင်းနေနိုင်သည့် အသင့်ဆေးပြီးသား ဆလတ်ရွက်အထုပ်များပင် ပါဝင်သည်)။ ဟင်းသီးဟင်းရွက်များကို သန့်စင်ခြင်းသည် မနှစ်မြို့ဖွယ် ဖုန်မှုန့်များနှင့် ပိုးသတ်ဆေးများကို ဖယ်ရှားရန်အတွက်သာမက သင့်ကျန်းမာရေးအတွက်ပါ အရေးကြီးပါသည်။ အကယ်၍ သင်သည် ဟင်းသီးဟင်းရွက်များကို သန့်စင်ရန် ကျော်ဖြတ်ခဲ့ပါက၊ သင့်ကိုယ်သင် အစားအစာမှတဆင့် ကူးစက်တတ်သော ရောဂါဝေဒနာများ (Foodborne illness) ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာစေရန် တွန်းပို့နေခြင်း ဖြစ်နိုင်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ