For working-class young adults အလုပ်လုပ်နေရသော လူရွယ်များအတွက် ကျန်းမာရေး လမ်းညွှန်ချက်များ

လုပ်ငန်းခွင်ဝင်နေရသော လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို ဦးစားပေးနိုင်ရန် ရေရှည်တည်တံ့မည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ကြရပါမည်။ ၎င်းတို့မှာ- နေ့စဉ် အိပ်စက်ချိန် ၇ နာရီမှ ၈ နာရီ ရှိရမည့်အပြင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ၅ မျိုးမှ ၉ မျိုးအထိ ပါဝင်သော မျှတသည့် အစားအစာများကို စားသုံးခြင်း၊ နေ့စဉ် မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ အရက်သောက်သုံးမှုကို ကန့်သတ်ခြင်းနှင့် နီကိုတင်း (ဆေးလိပ်/စီးကရက်) သုံးစွဲမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ စိတ်ဖိစီးမှုများကို သတိပဋ္ဌာန် (နှလုံးသွင်းမှန်ကန်ခြင်း) နည်းလမ်းများဖြင့် စီမံခန့်ခွဲခြင်း၊ မိသားစုဆရာဝန် (သို့မဟုတ်) အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးအပါအဝင် ပုံမှန်ရောဂါကာကွယ်ရေး စောင့်ရှောက်မှုများကို လုပ်ဆောင်ခြင်းတို့သည် ရေရှည်ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် အာဟာရ

အိပ်စက်ခြင်းကို ဦးစားပေးပါ: ရေရှည် အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ကာကွယ်နိုင်ရန် တရက်လျှင် အနည်းဆုံး ၇ နာရီကျော် အိပ်စက်ဖို့ ရည်မှန်းပါ။

ငွေကုန်ကြေးကျ သက်သာပြီး အာဟာရမျှတအောင် စားပါ: ကောက်နှံတခုလုံး (Whole grains) များ၊ နေ့စဉ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ၅ ကြိမ်မှ ၉ ကြိမ်အထိ (Servings) စားသုံးရန်နှင့် လုံလောက်သော ပရိုတင်းဓာတ် (ဥပမာ- ကိုယ်အလေးချိန် ပေါင် ၁၅၀ ရှိသူတဦးအတွက် နေ့စဉ် ၅၅ ဂရမ်မှ ၇၀ ဂရမ်ခန့်) ရရှိအောင် ဂရုစိုက်ပါ။

ရေဓာတ် ဖြည့်တင်းပါ: တနေ့တာလုံး ရေများများ သောက်ပါ။ အထူးသဖြင့် ကာယလုပ်သားများ (ပင်ပန်းစွာ လုပ်ကိုင်ရသူများ) အဖို့ ပို၍ လိုအပ်ပါသည်။

တက်ကြွသော နေထိုင်မှုပုံစံ ရှိပါစေ: ထိုင်ပြီး လုပ်ရသော အလုပ်မျိုး ဖြစ်နေပါက အနားယူချိန်များတွင် လမ်းလျှောက်ခြင်း၊ လှေကားကို အသုံးပြုခြင်း (သို့မဟုတ်) ကိုယ်လက်ဆန့်တန်းခြင်း စသည်ဖြင့် လှုပ်ရှားမှု ဖြစ်စေရန် ကြားညှပ်လုပ်ဆောင်ပါ။

ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ: ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် လျှပ်စစ်စီးကရက် (Vaping) များကို မသုံးစွဲပါနှင့်။ ၎င်းတို့သည် အလွန်စွဲလမ်းစေတတ်ပြီး ရေရှည်တွင် ခန္ဓာကိုယ်ကို ပျက်စီးစေပါသည်။

စိတ်ကျန်းမာရေးနှင့် သုခချမ်းသာ

စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ: လုပ်ငန်းခွင်နှင့် လူမှုဘဝ ဖိစီးမှုများကို ရင်ဆိုင်နိုင်ရန် တရက်လျှင် ၁၀ မိနစ်ခန့် စိတ်အပန်းဖြေခြင်း သို့မဟုတ် တရားဘာဝနာပွားများခြင်း (Mindfulness) တို့ကို လေ့ကျင့်ပါ။

အရက်သောက်ခြင်းကို ရှောင်ပါ (ကန့်သတ်ပါ): တော်ရုံတန်ရုံ ပမာဏသာ သောက်သုံးပါ (အမျိုးသမီးများအတွက် တရက်လျှင် တခွက်၊ အမျိုးသားများအတွက် တရက်လျှင် နှစ်ခွက်ထက် မပိုစေရ)။

ဖုန်းနှင့် နည်းပညာပစ္စည်းများ ခေတ္တပိတ်ထားပါ: အီလက်ထရောနစ် ပစ္စည်းများကို ခေတ္တဖယ်ခွာထားပြီး ဝါသနာပါရာ အလုပ်များ လုပ်ခြင်း၊ အနားယူခြင်း သို့မဟုတ် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံခြင်းတို့အတွက် အချိန်ပေးပါ။

ရောဂါကြိုတင်ကာကွယ်ရေး စောင့်ရှောက်မှုနှင့် ဘေးကင်းရေး

မိသားစုဆရာဝန် (PCP) တဦး ထားရှိပါ: မိမိကိုယ်ကိုယ် ကျန်းမာနေသည်ဟု ခံစားရသော်လည်း နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဆရာဝန်တဦးနှင့် ပုံမှန် ဆက်သွယ်မှု ရှိနေပါစေ။

ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ပါ: ရောဂါများကို စောစီးစွာ သိရှိနိုင်ရန် လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံခြင်း၊ သွေးတိုးစစ်ခြင်းနှင့် ကိုလက်စထရော စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ပါ။

သွားနှင့်ခံတွင်း စောင့်ရှောက်မှု: နေ့စဉ် သွားတိုက်ခြင်း၊ သွားပွတ်ကြိုး (Floss) သုံးခြင်းတို့ ပြုလုပ်ပြီး တနှစ်လျှင် နှစ်ကြိမ် သွားဆရာဝန်နှင့် ပြသပါ။

ဘေးကင်းရေး အလေ့အကျင့်ကောင်းများ: မော်တော်ယာဉ်စီးလျှင် ထိုင်ခုံခါးပတ် ပတ်ပါ၊ စက်ဘီး သို့မဟုတ် စကူတာဖြင့် သွားလာလျှင် ခေါင်းဆောင်း (Helmet) ကဲ့သို့သော ကာကွယ်ရေးပစ္စည်းများကို ဝတ်ဆင်ပါ။

ငွေကြေးစီမံခန့်ခွဲမှုနှင့် ကျန်းမာရေး

အခမဲ့ ရရှိနိုင်သော အရင်းအမြစ်များကို အသုံးချပါ: ငွေကုန်ကြေးကျများသော ဂျင်မ် (Gym) အဖွဲ့ဝင်ကြေးများ ပေးမည့်အစား ပန်းခြံများတွင် လမ်းလျှောက်ခြင်း၊ အခမဲ့ ကိုယ်လက်လှုပ်ရှားမှုအက်ပ် (Apps) များ အသုံးပြုခြင်း (သို့မဟုတ်) လူထုအခြေပြု ကျန်းမာရေးအစီအစဉ်များတွင် ပါဝင်ပါ။

ကျန်းမာရေး အာမခံချက်ကို စစ်ဆေးပါ: မိမိတို့၏ ကျန်းမာရေးအာမခံတွင် တနှစ်တကြိမ် အခမဲ့ ဆေးစစ်ခွင့်နှင့် ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများ ပါဝင်ခြင်း ရှိ၊ မရှိကို စစ်ဆေးကြည့်ရှုပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ