ဟန်တာဗိုင်းရပ်စ် (Hantavirus) သည်

ကိုဗစ်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် ကူးစက်ပျံ့နှံ့မည်မဟုတ်ဟု FDA အကြီးအကဲဟောင်း ပြောကြား

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေသော ကမ္ဘာလှည့်ခရီးသည်တင် သင်္ဘောပေါ်မှ ခရီးသည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေစဉ်အတွင်း၊ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ ကော်မရှင်နာဟောင်း စကော့ ဂေါ့တလိ (Scott Gottlieb) က အဆိုပါသင်္ဘောပေါ်ရှိ ခရီးသည်များအတွက် "ရောဂါကူးစက်နိုင်ခြေရှိသော ကာလမှာ ကုန်ဆုံးခါနီးနေပြီ" ဖြစ်ကြောင်း "Face the Nation with Margaret Brennan" အစီအစဉ်တွင် ပြောကြားခဲ့ပါသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် ဟန်တာဗိုင်းရပ်စ်နှင့် ကိုဗစ်တို့၏ ကူးစက်ပုံချင်း မတူညီသည့်အတွက်ကြောင့် ဟန်တာဗိုင်းရပ်စ်သည် "ကိုဗစ်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဗိုင်းရပ်စ်တခုအဖြစ် ပျံ့နှံ့သွားမည်မဟုတ်" ကြောင်း ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

(၁၃ နာရီခန့်က သတင်းဖြစ်ပါသည်။)

မှတ်သားရန်

ဟန်တာဗိုင်းရပ်စ် ဘာဖြစ်တယ်။ ညာဖြစ်မယ်။ ကိုဗစ်ထက်ဆိုးသလား

စတဲ့ မြန်မာလိုစာရေးပြီးတင်ခဲ့သူတွေ အခု အိပ်ပျော်နေကြပြီလား။

ကျန်းမာရေးသတင်းဆိုတာ 

- လိုတာထက် ပိုမပြောရ။ 

- လျှော့မပြောရပါ။

- ဖြဲမခြောက်ရပါခင်ဗျား

မလိုလောက်တာကို ချဲ့ကားပြောသူတွေက တကယ်စိုးရိမ်စရာဆိုရင် ဖုံးဖိထားတတ်ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ