Happy Doctors Day ဟက်ပီးဆရာဝန်နေ့
၂၀၁၇ ခုနှစ်ကရတဲ့ ရေးတဲ့စာ။
ဆရာမင်္ဂလာပါ။ အရင်ဦးဆုံးဆရာ့ကို ကျေးဇူးတင်ကြောင်းပြေချင် လက်အုပ်ချီမိုးကန်တော့ပါတယ်ဆရာ။ သမီးသားလေးက ၂ နှစ်ပါ။ April 2 ရက်တုန်းက ဗိုက်အောင့်တယ်ဆိုလို့ လေအောင့်တယ်လို့ ထင်လိုက်တယ်။ နောက်တော့ ဆရာရေးထားတဲ့ intussusception အကြောင်းဖတ်ထားမိတာသတိရသွားပြီး ပါရမီဆေးရုံပြေးပြ။ အစကတော့ ဆရာဝန်က အဲ့လက္ခဏာမဟုတ်ဘူး ဗိုက်နာတာစိတ်လာမှပြန်လာပြပြောတယ်။ သမီးလဲ အူက ဝင်လိုက် ထွက်လိုက် ဖြစ်နေတာများလား ဒါကြောင့်စမ်းကြည့်တော့မသိသာတာလား။ Ultrasound ရိုက်ကြည့်ချင်တယ်ဆိုပြီး ရိုက်တော့ suscept ဖြစ်တယ်။ ဆေးသွင်းပြီးပြန်ထွက်အောင်လုပ်တာမရလို့ ultrasound ထပ်ရိုက် အတည်ပြုပြီး ခွဲလိုက်ရတယ်ဆရာ။ ဆရာ့ကျေးဇူးကြောင့် အသိဦးခဲ့ရပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်ဆရာရယ်။ အဲ့ဒီဟာက ပြန်ကော ဖြစ်တတ်လားဆရာ။ ဘားအံက ကလေးလေး ၁၁ လသားလေး ဆုံးသွားတာဖတ်ရတာ အူပြန်စွပ်တယ်လို့ ရေးထားတာတွေ့လို့ပါ။ သမီးစာရှည်သွားရင် တောင်းပန်ပါတယ်နော်။
ဆရာလည်း ကျေနပ်ဝမ်းသာရပါတယ်။
ဒီပို့စ်ဖတ်ရသူတွေလည်း ဝမ်းမြောက်ကြမှာပါ။
ကျွန်တော့်စာတွေကို ဖတ်ကြသူတွေက စာရေးဆရာတွေရဲ့စာတွေကိုဖတ်ရတာနဲ့ မတူပါ။ ရေးတဲ့သူမှာသာ ရသရစေတယ်။
Intussusception အူထဲ အူဝင် http://doctortintswe.blogspot.com/20…/…/intussusception.html
အဲလို ဟက်ပီးဆရာဝန်နေ့လည်း တနှစ်တကြိမ်လောက်ရှိတယ်။ ရက်သတ်မှတ်ချက်တော့ မရှိပါ။
ဒေါက်တာတင့်ဆွေ
၁၂-၅-၂၀၁၇

Comments
Post a Comment