Cancer Follow-up ကင်ဆာကို ပြန်ပြရမဲ့အချိန်မှာ ပြန်ပြရပါမယ်
တခုလောက်သိချင်လို့ပါရှင့်သိသောသူများဖြေပေးကြပါနော် အမေရင်သားကင်ဆာဖြစ်တာ ၃နှစ်ရှိပါပီ(ပါပြီ) ခွဲစိတ်ကုသပီးပါပီ(ပြီးပါပြီ) ခုတလေား(ခုတလော) ညညဆို ရေခဏခဏဆာပီး(ပြီး) ပူနေလို့ပါ ရောဂါပြန်ထလာတာလား သိချင်လို့ပါရှင့် ဘာဖြစ်တာလည်းရှင့်ရေပဲတနေကုန်သောင်ချင်နေလို့ပါရှင့်အမေက ဒါလည်း ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ရေသောက်များတာက ရာသီဥတုကြောင့်လည်း ဖြစ်နိုင်။ ဆီးချိုလည်း စစ်သင့်။ ကင်ဆာကိုတော့ ပြန်ပြသရမဲ့အချိန်မှာ ပြန်ပြရပါမယ်။ တခုလောက်၊ ခုတလောနဲ့ တနေကုန် ရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ကင်ဆာနေရာတွေမှာနဲ့ မြန်မာစာနေရာတွေမှာ သတ်ပုံအမှား အများဆုံးတွေ့ရတယ်။ Puppy ပါပီ ခေါ် ခွေးကလေးချစ်သူတွေ ပေါများလာတာ မကြာလှသေးပါ။ ဒေါက်တာတင့်ဆွေ