Cancer Follow-up ကင်ဆာကို ပြန်ပြရမဲ့အချိန်မှာ ပြန်ပြရပါမယ်

တခုလောက်သိချင်လို့ပါရှင့်သိသောသူများဖြေပေးကြပါနော် အမေရင်သားကင်ဆာဖြစ်တာ ၃နှစ်ရှိပါပီ(ပါပြီ) ခွဲစိတ်ကုသပီးပါပီ(ပြီးပါပြီ) ခုတလေား(ခုတလော) ညညဆို ရေခဏခဏဆာပီး(ပြီး) ပူနေလို့ပါ ရောဂါပြန်ထလာတာလား သိချင်လို့ပါရှင့် ဘာဖြစ်တာလည်းရှင့်ရေပဲတနေကုန်သောင်ချင်နေလို့ပါရှင့်အမေက

ဒါလည်း ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ရေသောက်များတာက ရာသီဥတုကြောင့်လည်း ဖြစ်နိုင်။ ဆီးချိုလည်း စစ်သင့်။ ကင်ဆာကိုတော့ ပြန်ပြသရမဲ့အချိန်မှာ ပြန်ပြရပါမယ်။

တခုလောက်၊ ခုတလောနဲ့ တနေကုန် ရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ကင်ဆာနေရာတွေမှာနဲ့ မြန်မာစာနေရာတွေမှာ သတ်ပုံအမှား အများဆုံးတွေ့ရတယ်။ Puppy ပါပီ ခေါ် ခွေးကလေးချစ်သူတွေ ပေါများလာတာ မကြာလှသေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ