Birth Control Pill ကိုယ်ဝန်တားဆေး
US approves first over-the-counter birth control pill ယူအက်စ်အေမှာ ကိုယ်ဝန်တားဆေးကို ဆရာဝန်လက်မှတ်မပါဘဲ ရောင်းချတော့မည်ဆိုတဲ့သတင်း ကနေ့ ထွက်တယ်။ သူတို့ဆီမှာ ယဉ်ကျေးမှုက အာရှတိုက်နဲ့ အတော်မတူပါ။ ကိုယ်ဝတ်ဖျက်ခွင့်ကလည်း သမတရွေးပွဲတိုင်းမှာ ‘အစ်ရှူး’ ခေါ် ပြောစရာ ငြင်းခုန်စရာ ဖြစ်တယ်။ ညတုန်းက ပြည်နယ်တခုမှာ ၆ ပတ် ကိုယ်ဝန်ဖျက်ခွင့်မရှိ ဥပဒေကို ပြည်နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးတော့မဲ့သတင်း ထွက်တယ်။ တရားသူကြီးတွေကလည်း တမျိုးပြီး တမျိုး။ ပြည်နယ် ၅၀ မှာ တခုနဲ့တခုက မတူကြပါ။ မြန်မာပြည် ကျွန်တော်ဆရာဝန်ဖြစ်စကာလတွေမှာ တာဆေး ကြိုက်တဲ့နေရာကနေ ကြိုက်သလို ဝယ်လို့ရတယ်။ ဖျက်ဆေးတော့ အတော်ရှားတယ်။ တားဈေးက ဈေးလည်းမကြီးပါ။ ဘင်္ဂလားဒက်မှာ ‘ယူနီဆက်ဖ်’ က အခမဲ့ဝေတဲ့ တားဆေးတွေ မြန်မာပြည်ကို မှောင်ခိုလမ်းကနေဝင်တယ်။ မန္တလေး ဈေးချိုမှာ တားဆေး တကပ်ကို ၂ ကျပ် ၃ ကျပ်သာပေးရတယ်။ အဲလို ‘ယူနီဆက်ဖ်’ ဆေးတွေက စစ်တယ်။ နောက်ဝင်လာတဲ့ တရုပ်ဆေးတွေက စစ် မစစ် ပြောမရ။ မဆလကြီးပြုတ်တော့ မှောင်ခိုဈေးကွက်ကြီးလည်း ပျက်တယ်။ ပျက်တော့ ခက်တယ်။ ဘာပစ္စည်းမဆို ဝယ်လို့ရပေမဲ့ ဘယ်အရာမဆို ဈေးကြီးတယ်။ အတုရော အစစ်ရော ရောနေတယ်။ ကျန်းမာရေးမေးခွန်း ညတုန...