Birth Control Pill ကိုယ်ဝန်တားဆေး

US approves first over-the-counter birth control pill ယူအက်စ်အေမှာ ကိုယ်ဝန်တားဆေးကို ဆရာဝန်လက်မှတ်မပါဘဲ ရောင်းချတော့မည်ဆိုတဲ့သတင်း ကနေ့ ထွက်တယ်။ သူတို့ဆီမှာ ယဉ်ကျေးမှုက အာရှတိုက်နဲ့ အတော်မတူပါ။ ကိုယ်ဝတ်ဖျက်ခွင့်ကလည်း သမတရွေးပွဲတိုင်းမှာ ‘အစ်ရှူး’ ခေါ် ပြောစရာ ငြင်းခုန်စရာ ဖြစ်တယ်။ ညတုန်းက ပြည်နယ်တခုမှာ ၆ ပတ် ကိုယ်ဝန်ဖျက်ခွင့်မရှိ ဥပဒေကို ပြည်နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးတော့မဲ့သတင်း ထွက်တယ်။ တရားသူကြီးတွေကလည်း တမျိုးပြီး တမျိုး။ ပြည်နယ် ၅၀ မှာ တခုနဲ့တခုက မတူကြပါ။

မြန်မာပြည်

ကျွန်တော်ဆရာဝန်ဖြစ်စကာလတွေမှာ တာဆေး ကြိုက်တဲ့နေရာကနေ ကြိုက်သလို ဝယ်လို့ရတယ်။ ဖျက်ဆေးတော့ အတော်ရှားတယ်။ တားဈေးက ဈေးလည်းမကြီးပါ။ ဘင်္ဂလားဒက်မှာ ‘ယူနီဆက်ဖ်’ က အခမဲ့ဝေတဲ့ တားဆေးတွေ မြန်မာပြည်ကို မှောင်ခိုလမ်းကနေဝင်တယ်။ မန္တလေး ဈေးချိုမှာ တားဆေး တကပ်ကို ၂ ကျပ် ၃ ကျပ်သာပေးရတယ်။ အဲလို ‘ယူနီဆက်ဖ်’ ဆေးတွေက စစ်တယ်။ နောက်ဝင်လာတဲ့ တရုပ်ဆေးတွေက စစ် မစစ် ပြောမရ။

မဆလကြီးပြုတ်တော့ မှောင်ခိုဈေးကွက်ကြီးလည်း ပျက်တယ်။ ပျက်တော့ ခက်တယ်။ ဘာပစ္စည်းမဆို ဝယ်လို့ရပေမဲ့ ဘယ်အရာမဆို ဈေးကြီးတယ်။ အတုရော အစစ်ရော ရောနေတယ်။

ကျန်းမာရေးမေးခွန်း

ညတုန်းက တင်ပြသေးတယ်။ ဆေးပညာစာတွေရေးစမှာ တားဆေးနဲ့ ဖျက်ဆေး အတော်မေးကြတယ်။ ကျွန်တော့်မူက ဘယ်သူကမေးမေး ဖျက်ဆေး နည်းမပေးပါ။ ဆေးပညာစာတွေကိုတော့ စုံအောင် ရေးထားတယ်။

နောက်တော့ ကိုယ်ဝန်အကြောင်းတွေ အတော်မေးလာကြပြန်တယ်။ ပုံမှန်ကိုယ်ဝန်၊ မူမမှန်ကိုယ်ဝန်။ ကိုယ်ဝန်ပျက်ခြင်း။ ကလေးမရသေးလို့ရလိုခြင်း။ သားကြောဖျက်ခြင်း စတာတွေ ဖြေရတယ်။

နောက်တော့ အဲလိုမေးခွန်းတွေ အလာကျဲသွားပြန်ရော။ HIV နဲ့ လိင်ကတင့်ကူးစက်ရောဂါတွေ လာတယ်။

နောက်တော့ အထက်ကရေးတာတွေ မလာတော့ပြန်ဘဲ အစုံမေးလာကြတယ်။

ညကပါဘဲ ဆရာဝန်လည်း ဆွမ်းခံကိုယ်တော်နဲ့ တူတယ်။ လောင်းထည့်တဲ့ဆွမ်းဟင်းကိုသာ ဘုန်းပေးရသလို။ ဆရာဝန်က မေးတာသာ ဖြေရတယ်။

အခုတော့ “ကင်ဆာကို ဆရာဝန်မမေးခြင်း” အဆင့် ရောက်လာတယ်။ လိုက်ရှာဖြေပါတယ်။ ကင်ဆာ ပို့စ် မတင်တဲ့နေ့ မရှိပါ။ 

ကင်ဆာနေရာ ၂ ခုမှာ မဟုတ်ကဟုတ်ကတွေ များတယ်။ သတ်ပုံအမှားဆုံးကလည်း ‘ကင်ဆာ’ နဲ့ ‘ရသ’ ဗိုလ်လုနေကြတယ်။ အတုတွေက ဆရာဝန်လက်မှတ် မလိုတာမျိုး။ ရောင်းကောင်းတယ်။

“မှောင်ခိုခေတ်ကို လွမ်းရတော့မလို။”

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ