ရေနွေးကြမ်း

ဆရာ သွေးကျဆေး အားဆေးတို့ကို ရေနွေးကြမ်းနဲ့ သောက်ရင် ဆေးအာနိသင် ပြေနိုင်သလား 

ဒီလိုမေးခွန်းမျိုးတွေ မကြာခဏ ဖြေရတယ်။ အခြေခံအကျဆုံးအချက်ကို သတိမထားကြလို့ ဖြစ်တယ်။ လူတိုင်းလိုလိုက နေ့တိုင်းလိုလို နှစ်ပေါင်းများစွာ စားသောက်နေထိုင်လာတာတွေကနေ ရောဂါတွေ မရစေနိုင်။ ထူးပြီးတော့လည်း ရောဂါတွေကို ကုသလို့မရနိုင်ပါ။ ကိုဗစ်တုန်းကလည်း နေ့တိုင်းစားနေကြတာတွေက ကာကွယ်သလိုလို ပျောက်စေသလိုလို ရေးကြတယ်။ ကင်ဆာမှန်သမျှလည်း အဲလို ရေးတာတွေ တွေ့တယ်။ မဟုတ်ပါ။

ရေ၊ ရေအေး၊ ရေနွေး၊ ရေကျက်အေး၊ ရေသန့် တွေဟာ အတူတူသာဖြစ်တယ်။ ထိုင်သောက်သောက် ထသောက်သောက် မထူးပါ။ ထမင်းစားနေစဉ်သောက်သောက် စားပြီးမှသောက်သောက် မထူးပါ။

ဆေးနဲ့တွဲသောက်သင့်မသင့်ဆိုတာ အရက်သာဖြစ်တယ်။ တချို့ နွားနို့။ နှစ်မျိုးလုံးအတွက် ရေးထားတယ်။ လင့်တွေ ရှာမထည့်အားပါ။ ဘလော့မှာ ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ