Posts

Oily skin အဆီပြန်မျက်နှာ

Image
၁။ မင်္ဂလာပါဆရာ။ မေးခွန်းတခု မေးခွင့်ပြုပါဆရာ။ ကြက်ဥအကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။ အသက် ၄၃နှစ်၊ ကျား။ မျက်နှာအဆီပြန်တယ် ဆရာ။ အရင်ကလည်း အဆီပြန်တတ်ပေမယ့် သိသိသာသာ ပိုဆိုးလာတာ တလလောက်ရှိသွားပြီ ဆရာ။ ဘယ်လိုထိန်းချုပ်လို့ ရနိုင်မလဲ ဖြေကြားပေးစေလိုပါတယ် ဆရာ။ ဆရာ ကျန်းမာပြီး အသက်ရှည်ပါစေ။ ၂။ ဆရာခင်ဗျား မျက်နှာမှာ အဆီပြန်ခြင်းကို ထိန်းသိမ်းနိုင်တဲ့ သို့မဟုတ် ပျောက်ကင်းသက်သာစေနိုင်မယ့် ဆေးဝါး နည်းလမ်းရှိရင် ညွှန်ပြပေးစေချင်ပါတယ်ခင်ဗျာ။ ပြုမူနေထိုင်ပုံ အစားအစာ ဆေးဝါး အားလုံး ကောင်းနိုးရာရာ အကြံပြုပေးပါဦးဆရာခင်ဗျာ။ မနက်ပိုင်းသနပ်ခါးထူထူလိမ်းထားပြီး နေ့လယ်လောက်ကျရင် မျက်နှာပြောင်ကြီး ဖြစ်နေတာမျိုးပါခင်ဗျ။ အမျိုးသမီး။ အသက် ၂၆  ပါ။ ကနေ့လည်း (အသက်-ကျား-မ) ကို နောက်ဆုံးမှရေး မေးတာတွေလာတယ်။ နှစ်ခါစီဖတ်နေရတယ်။ အချိန်နှစ်ဆ ကုန်ရတယ်။ ဖြစ်တဲ့သူ (မေးတဲ့သူ မဟုတ်) က အမျိုးသမီးဆိုရင် ရာသီ-အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး ထည့်ရေးဘို့ မေးနည်း စည်းကမ်းမှာ ပါထားတယ်။ အချက်အလက်မစုံရင် အဖြေလည်းမစုံ။ လွဲနိုင်သေးတယ်။ ဥပမာ အခုဖြစ်တဲ့သူ ရာသီ မမှန်ဖြစ်နေသလား မသိပါ။ တားဆေးသောက်နေသလား မသိပါ။ ...

Viral conjunctivitis ဗိုင်းရပ်စ်ကြောင့် မျက်စိကျိန်းခြင်း

Image
ဆရာ မဂ်လာပါခင်ဗျာ တခုလောက်မေးပါစေခင်ဗျာ ကလေးက အသက် ၇ခွဲမိန်းကလေးပါ အခုကျောင်းမှာရော အိမ်နားမှာပါ မျက်စိတွေ နာနေကြတယ်ဆရာ မျက်စိနာမကူးအောင် ဘယ်လိုကာ ကွယ်ရမလဲဆရာ မျက်စိနာလာရင်ရောဘာဆေးသောက်ရမလဲ ညွှန်ကြားပေးပါအုံးဆရာ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ မနေ့ကလည်း တယောက်က တင်ထားတယ်။ အဖြစ်များနေမယ်ထင်ရတယ်။ ကူးတယ်။ သိပ်စိုးရိမ်စရာတော့ မဟုတ်ပါ။ ပိုးသေဆေးပါမျက်စဉ်းနဲ့ မရလောက်ပါ။ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါမယ်။ ကာကွယ်နည်း 1. လက်ကို မကြာခဏ ဆပ်ပြာ + ရေနဲ့ ဆေးပါ။ 2. မျက်စိကို လက်နဲ့ မထိမိအောင်သတိထားပါ။ 3. လူသုံးပစ္စည်းတွေ မျှဝေသုံးစွဲတာ မလုပ်ပါနဲ့။ 4. ကူးစက်ခံရတဲ့မျက်စိနဲ့ ထိထားတာကို မကူးသေးတဲ့မျက်စိကို မထိပါစေနဲ့။ ကုသနည်း • ဗိုင်းရပ်စ်ပိုးကိုသေစေတဲ့ဆေး မရှိပါ။ • artificial tears မျက်ရည်တုမျက်စဉ်း  • cold-compresses အအေးကပ်ပေးခြင်းနဲ့ • antihistamines အင်တီဟစ်စ်တမင်းဆေးတွေကနေ ခံစားနေရတာကို သက်သာစေမယ်။ • Antibiotic drops ပဋိဇီဝဆေးပါမျက်စဉ်း မသုံးပါနဲ့။ • membranes or pseudomembrane အလွှာလိုဖြစ်တာကို ဆရာဝန်ကနေ ဖယ်ရှားပေးတာလိုကောင်း လိုပါမယ်။ • topical antiviral agents (ganciclovir g...

Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂)

Image
ဆရာရှင့် အမေ့ရဲ့ ရောဂါ အဆင့်လေးဖတ်ပြပေးပါရှင့် ( - ) ကနေ ရန်ကုန်ကို ဓါတ်ကင်ဖို့ လွှဲပေးထားတဲ့ စာပါရှင့် သားအိမ်အဝ (သားအိမ်ခေါင်းကင်ဆာ) ကို စောစောသိပြီး ဆေးကုသရင် အလွန်သက်သာရာရတယ်။ ပျောက်အောင် ကုနိုင်တယ်လို့တောင် ပြောနိုင်တယ်။ ရောဂါလက္ခဏာတွေကတော့ ဗဂျိုင်းနားကနေ တခုခုဆင်းမယ်၊ ကြားရက်သွေးဆင်းမယ်၊ သွေးဆုံးပြီးပေမဲ့ သွေးဆင်းလာမယ်၊ အတူနေစဉ်မှာ နာစရာမဟုတ်ဘဲ နာမယ်၊ သွေးဆင်းမယ်၊ အများဆုံးဖြစ်စေနိုင်တဲ့ တရားခံ Human papillomavirus (HPV) ခေါ်တဲ့ ဗိုင်းရပ်စ် အုပ်စုဖြစ်တယ်။ အမျိုးအစား ၄ဝ ရှိတယ်။ တချို့က ပိုဖြစ်စေနိုင်တယ်။ Genital HPV infections လိင်လမ်းကို ဒီပိုးမျိုးဝဝင်ပေမဲ့ အများအားဖြင့် သူ့ဖါသူပျောက်နိုင်ပါတယ်။ မပျောက်ဘဲ နာတာရှည်ဖြစ်လာရင်တော့ သားအိမ်အဝက (ဆဲလ်) တွေ မူပြောင်းလာမယ်။ ဒါကနေ ကင်ဆာဖြစ်လာနိုင်တယ်။ ၉ဝ% သော သားအိမ်အဝ-ကင်ဆာက ဒါကနေဖြစ်တယ်။ ပိုးဝင်တာခံရပေမဲ့ ဘာမှမဖြစ်သလိုနေနိုင်တယ်။ သူ့အလိုလိုလဲ ပျောက်နိုင်တယ်။ တချို့အမျိုးအစားတွေက လိင်လမ်း ကြွက်နို့ဖြစ်စေတယ်။ ဒီအမျိုးအစားတွေက ကင်ဆာ ဖြစ်စေတာတွေနဲ့ မတူကြပါ။ လိင်လမ်း-ရေယုံ ကနေလဲ ဆေးမကုပေမဲ့ ကင်ဆာကို ပြောင်းမသွားစေပါ။ ဘာမှ ဒုက္ခမပေးသေးတဲ့ အကော...

Lemon thorns ရှောက်ဆူး

Image
ဆူးကို ဆူးနဲ့ထွင်ရတယ်။ ရှေ့ဆူးက မိမိထဲဝင်နေတဲ့ ဆူး၊ နောက်ဆူးက မိမိလက်ထဲ လိုသလိုသုံးနိုင်တဲ့ ဆူး။ (Apk Cartoonist) တင်တားတာတခု ဖြစ်ပါတယ်။ ကျေးဇူး။ ကျွန်တော် ဆရာဝန်ကတော့ ဆေးထိုးအပ် အသစ်ကိုသာသုံးပါတယ်။ ကြွားသလိုလို မထင်စေလိုပါ။  ငယ်ငယ်က မွေးဇာတိ၊ ပုလဲမြို့နယ် မင်းရွာမှာ ကျောက်ကြီးရောဂါအတွက် ကျောက်ထိုးဆရာတွေလည်း တောအထိမရောက်နိုင်ချိန်၊ အရပ်ဆေးဆရာတဦးကနေ ကာကွယ်ဆေးထိုးတာကို မျက်မြင်ကိုယ်တွေ့ ကြုံဘူးတယ်။ ရှောက်ပင်က ဆူးကောင်းကောင်းကို အရိုးတံတခုတပ်တော့ ဆေးထိုးကရိယာ ဖြစ်လာတယ်။ ဆူးဖျားက်ို ဓါတ်မီးခြစ်က မီးတောက်မှာ ကင်တယ်။ ကျောက်ပေါက်နေသူဆီက အနာမန်းရည်ကိုယူ၊ ဆေးထိုးခံမဲ့သူ လက်ဖျံပေါ် တစက်တင်ပြီး ရှောက်ဆူးနဲ့ ပေါက်ပါတယ်။ ဆေးထိုးခံသူကို ဘေးကလူတွေက ချုပ်ပေးထားကြရတယ်။ သူ့ခေတ်နဲ့သူ။  ကျွန်တော် ဆရာဝန်ဖြစ်တော့ အရပ်ဆရာနည်းနာက ဆေးပညာအရ ကိုက်ညီနေတယ်။ ပိုးသန့်တာ လိုတယ်။ ကျောက်ရည် အတိုင်းအဆ လိုတယ်။ ဒီအတိုင်းထိုင်ကြည့်နေတာထက် အများကြီးအကျိုးရှိခဲ့တယ်လို့ ကောက်ချက်ချပါတယ်။  ကျွန်တော်တို့ငယ်စဉ်က လူတိုင်းလိုလို လမ်းဘေးရေအိုးစင်တွေကရေကို သောက်ကြရတယ်။ ရေကတဆင့် ကူးစက်ရောဂါတွေကလည်း အခုခေတ်လို မဆိုးပါ။ လ...

Yes we can! ဘာလို့ မရရမှာလဲ

Image
ရေးထာတာ ၇ နှစ်တိတိက ဖြစ်ပါတယ်။ ကျွန်တော့်ဇနီး ဒူးသိပ်မကောင်းတာတော့ကြာပြီ။ မိသားစုဆရာဝန်ကိုပြောတော့ ဖီဇီကယ်သာရာပီ ခေါ် ရုပ်ပိုင်းပြုပြင်ရေးဆရာဝန်ဆီကို လွှဲတယ်။ ရက်ချိန်းယူပေးတယ်။ အချိန်အတိအကျ သားအမိနှစ်ယောက် သွားကြတယ်။  အပြန်မှာ သူ့ကိုပြုစုကုသပေးလိုက်တဲ့ သူနာပြုဆရာမလေးကို သဘောကျလို့ ပြန်ပြောနေတာ ၂ ခါရှိပြီ။ မေးကြည့်တော့ အဖြူတဲ့၊ အသက် ၃ဝ ဝန်းကျင်လောက်တဲ့။ ဘာတွေသဘောကျတာလဲ။ ဆက်ဆံရေးကအစတဲ့။  ဟုတ်တယ်။ ဒီမှာက ဆက်ဆံရေးကျဲတာတို့၊ အော်တာငေါက်တာတို့၊ မချေမငံတို့ဆိုတာ အင်မတန်ရှားတယ်။ ကျွန်တော့်ဆီလာတဲ့ မေးခွန်းတွေထဲက အထူးကုဆရာဝန်တွေဆီမှာ မေးချင်တာ မမေးခဲ့ရလို့ပြန်ပြောသူ (ရင်ဖွင့်သူ) နေ့တိုင်း မနက်-ည လာတယ်။ ဒီမှာတော့ ပြီးစီးတာနဲ့ ဘာမေးချင်သေးလဲ ဆရာဝန်ကရော၊ သူနာပြုကပါ အမြဲတမ်းမေးတယ်။  ဒူးအတွက် နောက်ထပ် ၄ ခေါက်လုပ်ရအုန်းမယ်တဲ့။ အင်စူးယားရင့်စ် ခေါ် ကျန်းမာရေးအာမခံက ကာဗာ ဖြစ်ပါတယ်တဲ့။ မကောင်းသေးရင်ကော ဆိုတော့ အဲတာဆို ကျမ စာရေးပေးမယ်တဲ့။ မနက်ကပဲ လန်ဒန်မှာနေတဲ့ သူငယ်ချင်းဆရာဝန်က တင်ထားတာတခု ဖတ်မိတယ်။ မြန်မာပြည်က ကျန်းမာရေးဦးနှောက် ယိုစီးမှုတဲ့။ ကျန်းမာရေးပညာရှင်အမျိုးမျိုးတို့ဟာ တိုးတက်တဲ့န...

Cancer ကြော်ငြာဝင်ခြင်း

Image
နိုင်ငံရေးမှာ ကြော်ငြာဝင်ကြတယ် ဝင်မပါ။ ဘာသာရေးမှာလည်း ကြော်ငြာဝင်ကြတယ် ဝင်မပါ။ ကင်ဆာနေရာတွေမှာလည်း  ကြော်ငြာဝင်ကြတယ်။ ကြော်ငြာဝင်ခြင်းလို့ ရေးလိုက်တယ်။ ဒေါက်တာတင့်ဆွေ

Baby ဘေဘီ

Image
၁။ အိမ်တအိမ်ရဲ့ ပျော်ရွင်မှူ့(ပျော်ရွှင်မှု)ဆိုတာ၊ ဘေဘီလေးတွေပါ။ ဟုတ်။ အိမ်တအိမ်လို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဟုတ်ပေမဲ့ ပြောဦးမယ်။ ကျွန်တော်တို့က နှုတ်ကျိုးနေကြပြီ။ ကလေးဆို ဘေဘီ။ ဆေးပညာမှာ သတ်မှတ်ချက်ရှိတယ်။  ၂။ ဆရာရှင့် Children လို့အသက်ဘယ်လောက်ကစပြီး သတ်မှတ်ပါသလဲရှင့်။ Adult က မွေးစကနေဘယ်အထိလဲရှင့်။ Infant or Baby ၁ နှစ်ထိ။  Toddler ၂-၃ နှစ်။  Teenage ၁၂-၁၃-၁၄ နှစ်။ 13 to 19 ကို Teen လို့ခေါ်တာလည်းရှိ။ အင်္ဂလိပ်စာလုံးပေါင်းမှာ -teen နဲ့ဆုံးတယ်။ Under 5 ၅ နှစ်အောက်။  Under 18 Children ကလေးသူငယ်။  Above 18 Adult အရွယ်ရောက်။  Infants = 1 month to 1 year  Children = 1 year through 12 years  Adolescents = 13 years through 17 years (teenagers)  မြန်မာပြည်မှာ အဒေါ်ကို အန်တီလို့ခေါ်ကြတယ်။ ယဉ်ကျေးပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်လိုရေးရင် လွဲနေကြသူတွေက များတယ်။ Auntie နဲ့ Aunty လို့ ရေးတာကို အင်ဖေါ်မယ် ခေါ် ခပ်လွယ်လွယ်ရေးနည်းလို့ ခေါ်တယ်။ မှားတော့ မမှားပါ။ Anty လို့ပေါင်းရင် မှားတယ်။ ယူအက်စ်မှာ Aunt လို့ရေးတယ်။ အန့်လို့ မြန်မာလိုခေါ်ပြန်ရင်လည်း အဆင်မ...