Baby ဘေဘီ

၁။ အိမ်တအိမ်ရဲ့ ပျော်ရွင်မှူ့(ပျော်ရွှင်မှု)ဆိုတာ၊ ဘေဘီလေးတွေပါ။

ဟုတ်။ အိမ်တအိမ်လို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဟုတ်ပေမဲ့ ပြောဦးမယ်။ ကျွန်တော်တို့က နှုတ်ကျိုးနေကြပြီ။ ကလေးဆို ဘေဘီ။ ဆေးပညာမှာ သတ်မှတ်ချက်ရှိတယ်။ 

၂။ ဆရာရှင့် Children လို့အသက်ဘယ်လောက်ကစပြီး သတ်မှတ်ပါသလဲရှင့်။ Adult က မွေးစကနေဘယ်အထိလဲရှင့်။

Infant or Baby ၁ နှစ်ထိ။ 

Toddler ၂-၃ နှစ်။ 

Teenage ၁၂-၁၃-၁၄ နှစ်။ 13 to 19 ကို Teen လို့ခေါ်တာလည်းရှိ။ အင်္ဂလိပ်စာလုံးပေါင်းမှာ -teen နဲ့ဆုံးတယ်။

Under 5 ၅ နှစ်အောက်။ 

Under 18 Children ကလေးသူငယ်။ 

Above 18 Adult အရွယ်ရောက်။ 

Infants = 1 month to 1 year 

Children = 1 year through 12 years 

Adolescents = 13 years through 17 years (teenagers) 

မြန်မာပြည်မှာ အဒေါ်ကို အန်တီလို့ခေါ်ကြတယ်။ ယဉ်ကျေးပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်လိုရေးရင် လွဲနေကြသူတွေက များတယ်။ Auntie နဲ့ Aunty လို့ ရေးတာကို အင်ဖေါ်မယ် ခေါ် ခပ်လွယ်လွယ်ရေးနည်းလို့ ခေါ်တယ်။ မှားတော့ မမှားပါ။ Anty လို့ပေါင်းရင် မှားတယ်။ ယူအက်စ်မှာ Aunt လို့ရေးတယ်။ အန့်လို့ မြန်မာလိုခေါ်ပြန်ရင်လည်း အဆင်မပြေလောက်။

၃။ အန်တိုင်  အန်တီ  ဘယ်လိုခေါ်သင့်လဲ ဆရာ

Anti အသံထွက် https://www.youtube.com/watch?v=U83V6HYFQ40

ဗြိတိန်အင်္ဂလိပ်လို အင်တီ

အမေရိကန်အင်္ဂလိပ်လို အင်တိုင်

အင်တီဘိုအောတစ် 

အင်တီဗိုင်းရပ်စ်

အင်တိုင်ဘိုင်အောတစ်

အင်တိုင်ဗိုင်းရပ်စ်

မြန်မာလို ကြိုက်သလို။

Aunt အန္တီမဟုတ်

၄။ ဆရာနှင့် အန္တီတင်တို့မိသားစုအားလုံး ဘေးရန်ကင်းရှင်းကျန်းမာကြပါစေရှင့်

အဲလိုတော့ မရေးသင့်ပါ။ အန်တီလို့သာရေးရတယ်။ နသတ်ကို အဆင့်ရေးရတာတွေရှိတယ်။

မြန်မာပြည်မှာက အရွယ်ရောက်ယောက်ျားတွေကို သိသိမသိသိ၊ ယူနီဖေါင်းမပါလည်း အဘ တဲ့။ ကိုယ်ထက်အသက်ကြီးလည်း ကောင်မလေး တဲ့။ ကိုယ်ထက်အသက်ကြီးလည်း ကောင်လေး တဲ့။

နိုင်ငံတကာစင်မြင့်မှာ အသံထွက်ကအစ အရေးကြီးတယ်။ မနေ့က အမေရိကန်ဘောလုံးသင်းခေါင်းဆောင်က အီရန် ကို အိုင်ရန် လို့ အမေရိကန်အင်္ဂလိပ်သံနဲ့ ထွက်မိတာကို တောင်းပန်လိုက်ရတယ်။ ကျွန်တော်တို့နိုင်ငံမှာက ဘယ်လိုရေးရေး၊ ဘယ်လိုအသံထွက်ထွက်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ