Water pH မဟုတ်တာဆို ပိုမေးကြတယ်
၂။ ခုတလော Fb မှာ ရေသန့် Ph7 နဲ့ ပတ်သက်တဲ့အကြာင်းတွေ ဖတ်ရပါတယ်။ ရေသန့် Ph7 ကို သူ့အတိုင်းပဲ သောက်သင့်ကြောင်း။ ထမင်းချက်ခြင်းနဲ့ ရေေနွးကြမ်းကျိုချက်ရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်း ဖတ်ရှုနေရပါတယ်။ မန္တလေးနေတဲ့သူဆိုတော့ စည်ပင်ကပေးတဲ့ မီတာရေက ထုံးဓါတ်တွေများလို့ မသုံးပါ။ ဒီသတင်းကြောင့် မည်သည့်ရေကို အန္တရာယ်ကင်းကင်း သုံးစွဲရမယ်ကို အခက်တွေ့ရပါတယ်။
၃။ ရေသန့် Ph7 ကျိုချက်ခြင်း အန္တရာယ်ရှိမရှိ အကျိုးအကြောင်းနှင့်တကွ အကျယ်တဝင့် ရှင်းပြပေးစေချင်ပါတယ် ဆရာခင်ဗျား
ရိုးရိုးရေတွင်းကရေမှာ pH 6.5 ကနေ 8.5 အထိရှိတယ်။ မြေအောက်ရေမှာ pH 6 ကနေ 8.5 အထိရှိတယ်။
pH ဆိုတာ ရေနဲ့အရည်အမျိုးမျိုးတွေရဲ့ အက်စစ် သို့မဟုတ် အယ်လ်ကာလီဓါတ်ကို တိုင်းတာဖြစ်တယ်။
(< 6.5) ထက်နည်းတာကို အက်စစ်ဖြစ်တယ်။ လောင်စေနိုင်တယ်။ အဲလိုရေထဲမှာ ကယ်လ်စီယမ်၊ ကောပါး၊ မက်ဂနီဆီယမ်၊ ခဲစတာတွေပါနေမယ်။
pH ဆိုတာ တကယ်တော့ ရေရဲ့ အရည်အသွေးတိုင်းတာရာမှာ မသုံးပါ။ ဒါပေမဲ့ မြူနီစပယ်ရေမှာ pH of 6.5 to 8.5 ရှိရမယ်လို့ သတ်မှတ်ပေးထားတယ်။
pH 8 နဲ့အထက်ရှိတဲ့ရေကို Alkaline water အယ်လ်ကာလိုင်းရေလို့ခေါ်တယ်။ တချို့မှာ pH of 14 အထိရှိတယ်။
pH 7 ရှိတဲ့ရေကို Pure water ရေသန့်လို့ခေါ်တယ်။ neutral ဖြစ်တယ်။ အက်စစ်လည်း မဟုတ်။ အယ်လ်ကာလီလည်း မဟုတ်။
Tap water ပိုက်ရေ = 7.5
Distilled reverse osmosis water ပေါင်းခံရေ = 5 to 7
Common bottled waters ပုလင်းသွတ်ရေ = 6.5 to 7.5
Bottled waters labeled as alkaline အယ်လ်ကာလိုင်း ပုလင်းသွတ်ရေ = 8 to 9
Ocean water ပင်လယ်ရေ = About 8
Acid rain အက်စစ်မိုးရေ = 5 to 5.5
Vinegar ဗနီဂါ = 3.0
Wine ဝိုင် = 2.8 - 3.8
Beer ဘီယာ = 4 - 5
Milk နွားနို့ = 6.3 - 6.6
Seawater ပင်လယ်ရေ = 8.3
apple juice ပန်းသီးဖျော်ရည် = 3
orange juice လိမ်မော်ရည် = 3.5
coffee ကော်ဖီ = 5.5
baking soda မုံ့ဖုတ်ဆိုဒါ = 8.5
soapy water ဆပ်ပြာရေ = 10
bleach ချွတ်ဆေး = 12
safe bottled water စိတ်ချရတဲ့ ပုလင်းသွတ်ရေမရနိုင်ရင် ရှိတဲ့ရေကို ပွက်အောင်ကျိုပြီးသောက်နိုင်တယ်။ viruses, bacteria, and parasites ရောဂါပိုအမျိုးမျိုးကို သေစေမယ်။ အကောင်းဆုံးသောက်ရေတော့ မဟုတ်သေးပါ။ အဲဒီရေထဲမှာ lead နဲ့ chlorine တွေပါနေဦးမယ်။ filtered water စစ်ထားတဲ့ရေက ပိုကောင်းတယ်။
Bottled water in supermarkets ဆူပါမားကက်တွေကရောင်းတဲ့ ပုလင်းသွတ်ရေတွေကို တံဆိပ်ကိုကြည့်ပြီး ကောင်း မကောင်း ဆုံးဖြတ်ရတယ်။ ယူအက်စ်အေမှာ ထိပ်ဆုံးက ရေတံဆိပ်များ
1. Fiji
2. Essential
3. Voss
4. Evian
5. Poland Spring
6. Nestlé Pure Life
7. Alkaline Water 88
8. Glaceau Smart Water
9. Propel
10. Aquafina
သုတေသနတခုအရ
1. Smartwater
2. Fiji
3. Deer Park
4. Perrier
5. ၅. Voss
6. Dasani
7. Core
8. LIFEWTR
9. Evian
10. Aquafina
Bottled Water Questions ရေပုလင်း မေးခွန်းများ https://dr-tint-swe.blogspot.com/2021/05/bottled-water-questions.html
မဟုတ်တာတွေကို ဖြေရတာ မောပြီ။ တင်ထားတာလည်း များပြီ။ လာဦးမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment