မြားဦးလှည့်ခြင်း

မြားပုံသဏ္ဌာန်ဟာ အရင်းမှာကားပြီး အဖျားကိုသေးသေးသွားတယ်။ အဆုံးစွန်မှာ အမှတ်လေးတခုသာဖြစ်တယ်။


ချီကာဂိုမြို့ဟာ ကြီးမားတယ်။ ဒုတိယထရန်ဇစ် ဟောင်ကောင်ဟာ ကြီးကျယ်တယ်။ နောက်တခါ စင်္ကာပူ၊ နာမည်ကြီးတယ်။ သေးသေးလာတဲ့ မြားဦခရီးစဉ်ရဲ့ ဒက်စတီနေရှင်းရန်ကုန်မှာ ရန်တွေကုန်ပါတယ်။


မြားဦးလှည်တယ်ဆိုတဲ့စကားရှိတယ်။ ကျွန်တော့ခရီးစဉ်၏ မြားဦးကား ဟုမ်း ခေါ် နေရပ်ဆီသို့သာ။ ဂငယ်ကွေ့မှာ မြားဦးဟာ တူရာအရပ်မတူပေမဲ့ တူဆုံဆုံရပ်ကိုသာ သွားတယ်။ ထွက်ခွါရာအရပ်နဲ့ ဆုံရပ်ဟာ မြန်မာပြည်ပါ။ အပြောင်းအလဲဆိုတာ ဂငယ်ကွေ့ မဟုတ်ပါ။ 


မြားထိပ်ဖျားဆိုတာ ချွန်မြတယ်။ အဆိပ်လူးထားလို့လည်းရတယ်။ ကတိသစ္စာတည်သောအခါ အဆိပ်ကိုပါ ပျက်ပြယ်စေနိုင်တယ်။ ကိုယ့်နိုင်ငံက ဘုရားစေတီတွေမှာ တိုင်တည်ခဲ့ပါသည်။ ကျွန်ုပ်ပစ်ခဲတဲ့မြားလည်း ၂၈ နှစ်အကြာ ခရီးသွားခဲ့ပါပြီတည်း။


အင်ဒီယာနာပုလစ်မှ ချီကာဂို၊ ထိုမှတခါ ဟောင်ကောင်။ နောက်တဆင့် စင်္ကာပူ။ နောက်ဆုံးမှာ ရန်ကုန်။ အနောက်ကထွက်ပြီး အရှေ့ကနေ ပြန်ဝင်ခဲ့ပါတယ်။


ဒေါက်တာတင့်ဆွေ

၁-၅-၂ဝ၁၈

၁-၅-၂၀၂၁


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ