တမြန့်ပြင်တနှစ်က ဘရိတ်ဖတ်စ်

နှာခေါင်းစည်း မလိုကြပါ။ ဆေးကျောင်းသားဘဝမှာ လက်ဖက်ရည်ဆိုင် နေ့တိုင်းထိုင်တယ်။ နယူးဒေလီမှာတော့ ဆန္ဒပြသွားတိုင်း ထိုင်စရာဆိုလို့ ကျောက်တုံးသာရှိတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ သောက်တယ်။ လက်ဖက်ရည်ကတော့ ကောင်းတယ်။ ရေနွေးကြမ်းမရှိ။ 

တမြန့်ပြင်တနှစ်က ဒီလိုနေ့ ဘုရားဖူးပြီးအပြန်မှာ လက်ဖက်ရည်ဆိုင်မှာထိုင်ကြတယ်။ မြီးရှည်၊ နန်ကြီး နန်းလတ် မုံ့တီ။ ကော်ဖီနဲ့ လက်ဖက်ရည်။ ကောင်းပါသည်။ အကြော်စုံမှာလည်း မဆလာမပါလို့ ကြိုက်ပါသည်။ လက်ဖက်ရည်ခွက်လေးတွေတော့ သေးသည်။ 

ရေနွေးကြမ်း ဆိုင်တိုင်းလိုလို ကောင်းပါသည်။ ရန်ကုန်သည် နယူးဒေလီထက်သာ၏။

အခုတော့ ရန်ကုန်သည် ဇနပုဒ်လောက် မကောင်းတော့ပါ။ ဆောရီး။ လက်ဖက်ရည်ဆိုင် စိတ်အေးလက်သာ ထိုင်နိုင်တဲ့ခေတ် အမြန်ပြန်ရောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

၁-၅-၂၀၁၈

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ