Bottled Water Questions ရေပုလင်း မေးခွန်းများ
၂။ ဆရာမင်္ဂလာပါ။ မေးစရာလေးတခုလောက်မေးချင်လို့ပါဆရာ။ ဟိုနေ့က FB မှာ post တခုတင်ထားတာတွေ့လို့ဆရာ။ သောက်ရေသန့်ကိုကျိုသောက်ရင်ရေသန့်လုပ်တဲ့အခါသုံးတဲ့ ကလိုရင်းက ကလိုရိုဖောင်းအဖြစ်ပြောင်းပြီး ရေရှည်သောက်ရင် ကင်ဆာနှင့်နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်တယ်ဆိုတာ ဟုတ်လားဆရာ။ ရန်ကုန်က လူတော်တော်များများကတော့ အဲလိုပဲသောက်နေကြတာဆရာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါ
မကြာခဏ ဖြေရတယ်။ ရေအကြောင်း ခပ်ဆန်းဆန်းရေးတင်တာတွေက အများစုက မှားတယ်။ ရေနွေးညသိပ် မြွေအဆိပ်တဲ့ ဆိုရင် လူပေါင်းသောင်းဂဏန်းဖတ်ကြ မေးကြတယ်။ ချဲ့ကားထားတယ်။ လိမ်တာတွေ ခြိမ်းခြောက်တာတွေသာ ဖြစ်တယ်။ ဘယ်အရာမဆို ရိုးရိုးရှင်းရှင်းနဲ့ အခြေခံအချက်ကို မလွတ်ကင်းစေရပါ။ ဆန်းပြီဆိုရင် သတိသာထားတော့။ အမည်အဆန်း အသီးတွေအရွက်တွေ မြက်တွေကို ကင်ဆာပျောက်တယ် ဘာညာပျောက်တယ်ဆိုတာတွေက လိမ်တာတွေသာဖြစ်တယ်။ ရေလည်း အတူတူဘဲ။
Bottled water ရေပုလင်းကရေ
ရေသန့် Ph7 ကျိုချက်ခြင်း အန္တရာယ်ရှိမရှိ အကျိုးအကြောင်းနှင့်တကွ အကျယ်တဝင့် ရှင်းပြပေးစေချင်ပါတယ် ဆရာခင်ဗျား
ရိုးရိုးရေတွင်းကရေမှာ pH 6.5 ကနေ 8.5 အထိရှိတယ်။ မြေအောက်ရေမှာ pH 6 ကနေ 8.5 အထိရှိတယ်။
pH ဆိုတာ ရေနဲ့အရည်အမျိုးမျိုးတွေရဲ့ အက်စစ် သို့မဟုတ် အယ်လ်ကာလီဓါတ်ကို တိုင်းတာဖြစ်တယ်။
(< 6.5) ထက်နည်းတာကို အက်စစ်ဖြစ်တယ်။ လောင်စေနိုင်တယ်။ အဲလိုရေထဲမှာ ကယ်လ်စီယမ်၊ ကောပါး၊ မက်ဂနီဆီယမ်၊ ခဲစတာတွေပါနေမယ်။
pH ဆိုတာ တကယ်တော့ ရေရဲ့ အရည်အသွေးတိုင်းတာရာမှာ မသုံးပါ။ ဒါပေမဲ့ မြူနီစပယ်ရေမှာ pH of 6.5 to 8.5 ရှိရမယ်လို့ သတ်မှတ်ပေးထားတယ်။
pH 8 နဲ့အထက်ရှိတဲ့ရေကို Alkaline water အယ်လ်ကာလိုင်းရေလို့ခေါ်တယ်။ တချို့မှာ pH of 14 အထိရှိတယ်။
pH 7 ရှိတဲ့ရေကို Pure water ရေသန့်လို့ခေါ်တယ်။ neutral ဖြစ်တယ်။ အက်စစ်လည်း မဟုတ်။ အယ်လ်ကာလီလည်း မဟုတ်။
Tap water ပိုက်ရေ = 7.5
Distilled reverse osmosis water ပေါင်းခံရေ = 5 to 7
Common bottled waters ပုလင်းသွတ်ရေ = 6.5 to 7.5
Bottled waters labeled as alkaline အယ်လ်ကာလိုင်း ပုလင်းသွတ်ရေ = 8 to 9
Ocean water ပင်လယ်ရေ = About 8
Acid rain အက်စစ်မိုးရေ = 5 to 5.5
Vinegar ဗနီဂါ = 3.0
Wine ဝိုင် = 2.8 - 3.8
Beer ဘီယာ = 4 - 5
Milk နွားနို့ = 6.3 - 6.6
Seawater ပင်လယ်ရေ = 8.3
apple juice ပန်းသီးဖျော်ရည် = 3
orange juice လိမ်မော်ရည် = 3.5
coffee ကော်ဖီ = 5.5
baking soda မုံ့ဖုတ်ဆိုဒါ = 8.5
soapy water ဆပ်ပြာရေ = 10
bleach ချွတ်ဆေး = 12
Safe bottled water စိတ်ချရတဲ့ ပုလင်းသွတ်ရေမရနိုင်ရင် ရှိတဲ့ရေကို ပွက်အောင်ကျိုပြီးသောက်နိုင်တယ်။ viruses, bacteria, and parasites ရောဂါပိုအမျိုးမျိုးကို သေစေမယ်။ အကောင်းဆုံးသောက်ရေတော့ မဟုတ်သေးပါ။ အဲဒီရေထဲမှာ lead နဲ့ chlorine တွေပါနေဦးမယ်။ filtered water စစ်ထားတဲ့ရေက ပိုကောင်းတယ်။
Bottled water in supermarkets ဆူပါမားကက်တွေကရောင်းတဲ့ ပုလင်းသွတ်ရေတွေကို တံဆိပ်ကိုကြည့်ပြီး ကောင်း မကောင်း ဆုံးဖြတ်ရတယ်။ ယူအက်စ်အေမှာ ထိပ်ဆုံးက ရေတံဆိပ်များ
1. Fiji
2. Essential
3. Voss
4. Evian
5. Poland Spring
6. Nestlé Pure Life
7. Alkaline Water 88
8. Glaceau Smart Water
9. Propel
10. Aquafina
သုတေသနတခုအရ
1. Smartwater
2. Fiji
3. Deer Park
4. Perrier
5. ၅. Voss
6. Dasani
7. Core
8. LIFEWTR
9. Evian
10. Aquafina
Bottled Purified Water ရေသန့် ရေနွေးကြမ်း
ဘယ်ရေကိုဖြစ်ဖြစ် ပွက်အောင်လုပ်ရင် ရေထဲမှာပါနေတဲ့ ပိုးတွေကို သေစေတယ်။ ပိုးဆိုတာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပရိုဇိုးဝါးတွေဖြစ်တယ်။
ကလိုရင်းကနေ ကလိုရိုဖောင်းဖြစ်အောင် ဓါတ်ခွဲခန်းထဲမှာ အတော်ကို လုပ်ယူရတယ်။ Chloroform (CHCl3) ကလိုရိုဖေါင်း။ Calcium hypochlorite Ca(OCl)2 ဘလိချ် ခေါ် ချွတ်ဆေး ခေါ် ရေသန့်ရာမှာသုံးတဲ့ဆေး။
ရေကိုပွက်အောင်လုပ်ကြတဲ့အကြောင်း အမျိုးမျိုးရှိတယ်။ တခုက ရေကိုသန့်စေအာင်နဲ့ နောက်တခုက ရေနွေးကြမ်း သောက်ချင်လို့ ဖြစ်တယ်။ ကော်ဖီ လက်ဖက်ရည်ဖျော်တဲ့အခါလည်း ပွက်အောင်ကျိုရတယ်။ ထမင်းဟင်းချက်ရာမှာ သုံးတဲ့ရေလည်း မီးပေါ်တင်ရတယ်။ စစ်စစ်ပေါက်ပေါက်ရေးရရင် ရေနွေးအိတ်ကပ်ချင်သူလည်း ပွက်အောင်ကျိုတယ်။
ရေနွေးကြမ်းဆိုတာ ရေရွေးတယ်။ လက်ဖက်ခြောက် ရွေးတယ်။ ရေနွေးကြမ်းကြိုက်သူတွေကသာ ပိုသိကြတယ်။ မိုးရေနဲ့ မြစ်ရေ ကောင်းတယ်။ ရေချိုကောင်းတယ်။ ရေချိုမှာလည်း အမျိုးမျိုး။
ကျွန်တော် အိန္ဒိယမှာ ၂၄ နှစ်နဲ့ ယူအက်စ်မှာ ၆ နှစ်နေတယ်။ ရေနွေးကြမ်းနေ့တိုင်းသောက်တယ်။ မိုးရေ မရှိ။ မြစ်ရေ မရ။ ရေတွင်း မရှိ။ ရေသန့် ခေါ် ပုလင်းအမျိုးမျိုး ဗူးအမျိုးမျိုးနဲ့ရောင်းတဲ့ရေကိုသာ ရေနွေးကြမ်းအတွက်သုံးတယ်။ အခုထိတော့ ကင်ဆာမရှိ။ နာတာရှည်ရောဂါကြီးတွေ မရှိသေး။ အိုတာတော့ မတတ်နိုင်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment