Water and pH ရေသန့်ဆိုတာ

ဆရာ မြန်မာပြည်မှာ ရေသန့်တံဆိပ်တွေအမျိုးမျိုးရှိပါတယ်။ မသန့်တာတွေလဲရှိပါတယ်။ ရေသန့်စက်ကထွက်တဲ့ရေကို ဓာတ်ခွဲခန်းမှာ စစ်ကြည့်တဲ့အခါမှာရေက pH level 8.5 ဖြစ်နေပါတယ်။ သောက်သုံးရန်သင့်ပါသလား။


ရေနဲ့အရည်တိုင်းကို pH တိုင်းတာတဲ့အခါ မတူတာတွေတွေ့မယ်။ pH 7 ထက်နည်းတာကို အက်စစ်ဓါတ်လို့ သတ်မှတ်တယ်။ များတာကို ဘေ့ဆစ်ဓါတ်။


သန့်တဲ့ရေ Pure water မှာ pH 7 ရှိတယ်။ သောက်နိုင်တယ်။ ဓါတုဗေဒလို နူထရယ်လို့ခေါ်တယ်။

Surface water systems ခေါ် မျက်နှာပြင်ရေရဲ့ pH က 6.5 ကနေ 8.5 အထိရှိတယ်။

Groundwater systems ခေါ်မြေအောက်ရေရဲ့ pH က 6 ကနေ 8.5 အထိရှိတယ်။


Natural Unpolluted rainwater မိုးရေသန့်မှာ pH 5.6 ရှိလို့ အက်စစ်ဓါတ်ဖြစ်တယ်။ လေထဲက Carbon dioxide ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူထားလို့ဖြစ်တယ်။ Carbonic acid (H2CO3) ကာဗွန်နစ်အက်စစ်ဖြစ်လာတယ်။ အပျော့စားအက်စစ်ဖြစ်တယ်။ မိုးရေအများစုမှာ pH 4.0 ကနေ 5.5 အထိရှိတယ်။


Acid Rain အက်စစ်မိုးဆိုတာ Nitrogen oxide နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ Sulfur dioxide ဆာလ်ဖါဒိုင်အောက်ဆိုဒ်တွေ ပါနေတာကိုခေါ်တယ်။


သောက်ရေသန့်တွေ တံဆိပ်အမျိုးမျိုးနဲ့ရောင်းတယ်။ pH နည်းနည်းစီ မတူကြပါ။

• Walmart Drinking Water = 4.5

• Dassani = 5.0

• Walmart Distilled Water = 5.0

• Ferrarelle = 6.1

• Deer Park = 6.3

• Fiji Water = 6.65

• Evian = 7.53

• Evermore = 9.23


Alkaline water အယ်လ်ကာလိုင်းရေက pH level များတယ်။ ကောင်းပါတယ်။ ကိုယ်ခန္ဓာထဲက အက်စစ်ဓါတ်ကို ပျယ်အောင်လုပ်ပေးနိုင်လို့ ကောင်းတာဖြစ်တယ်။ pH of 8 ကနေ 9 အထိရှိတာကို အယ်လ်ကာလိုင်းရေခေါ်တယ်။ အယ်လ်ကာလိုင်းရေထဲမှာ ကယ်လ်စီယမ်၊ စီလီကာ၊ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်နဲ့ ဘိုင်ကာဗွန်နိတ်တွေ ပါနေတယ်။ အယ်လ်ကာလိုင်းဖြစ်လွန်းတာလည်း မကောင်းပါ။ များသွားရင် Metabolic alkalosis ဖြစ်စေနိုင်တယ်။ စိတ်မကြည်လင်တာ၊ အန်တာ၊ လက်တုန်တာ၊ ကြွက်သားလှုပ်တာ၊ မျက်နှာနဲ့ ခြေလက်တွေ ကျဉ်တာဖြစ်မယ်။


Distilled water ခေါ် ဆေးထိုးရာသုံးတဲ့ အရပ်ခေါ်မိုးရေကို သောက်လို့ရပါတယ်။ သဘာဝဓါတ်ဆားတွေတော့မပါလို့ အရသာမရှိပါ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ