Water မှားသော ရေပညာပေးပို့စ်

(စ) ရေသန့်ကို ရေနွေးကျိုသောက်တာ မဟုတ်ပဲနေပူထဲချထားရင်တောင် ကင်ဆာဖြစ်ပါတယ် ရေသန့်ဖြစ်ဖို့ကလိုရင်းဆေးခပ်ရပါတယ် ရေသန့်ထဲမှာထည့်ထားတဲ့ ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ ကလိုရိုဖောင်းဓာတ်အဖြစ် ပြောင်းလဲသွားပြီး ကြာရှည်အပူပေးသုံးစွဲလာတဲ့အခါ မအီမသာဖြစ်ခြင်း ခေါင်းကိုက်ခြင်း ပျို့အန်ခြင်း အမည်မဖော်နိုင်တဲ့ရောဂါတွေဖြစ်လာခြင်းများဖြစ်ပေါ်လာပြီး ကင်ဆာဘက်ကို နွယ်လာနိုင်တာမျိုးဖြစ်နိုင်ချေများပါတယ် မယုံရင်ဆက်ပြီး အပူပေးကျိုသောက်ကြပါ ဖြစ်ရင်ခံကြပါ ရိုးရိုးရေသန့်သည် ph 7 ပါ  ph 7 ကိုထပ်သန့်စင်ရင် အယ်လ်ကာလီ ရေသန့်ဖြစ်လာပါတယ် အယ်လ်ကာလီ သောက်ရေသန့်ဖြစ်သွားပါတယ် အယ်လ်ကာလီသောက်ရေသန့်သည် ကျန်းမာရေးအတွက် အရမ်း အဆင်ပြေပါတယ် အယ်လ်ကာလီ ကနေ အယ်လ်ကာလိုင်းထိ ထပ်ပြောင်းလဲလို့ရပါတယ် ရေသန့်ဆိုတာ ရေစစ်နဲ့ စစ်ထားတဲ့ မြစ်ရေချောင်းရေကျိုသောက်တာ ပြသာနာမရှိပေမယ့် အခုနံမည်တပ်ရောင်းနေတဲ့ ရေသန့်အားလုံးသည် အပူပေးကျိုချက်သောက်လို့မရပါ (ချစ်တဲ့ လွင်နှင်းဆီလှိုင်) (ဆုံး)

 

ဘယ်ရေကဖြစ်ဖြစ် ကင်ဆာမဖြစ်စေပါ။

 

ကလိုရင်းဆေးဆိုတာ ချွတ်ဆေး ခေါ် Bleach ဘလိချ် ဖြစ်တယ်။ Chloroform ကလိုဖေါင်းက တမျိုး

 

Sodium hypochlorite (bleach) is a chemical compound with the formula NaOCl or NaClO, comprising a sodium cation (Na + ) and a hypochlorite anion (OCl − or ClO − ). It may also be viewed as the sodium salt of hypochlorous acid.

 

Chloroform (CHCl) is used as a solvent, a substance that helps other substances dissolve. Also, it is used in the building, paper and board industries, and in pesticide and film production. It is used as a solvent for lacquers, floor polishes, resins, adhesives, alkaloids, fats, oils and rubber.

 

ရေအမျိုးမျိုးရဲ့ pH က အမျိုးမျိုး။

Tap water       Varies; typically about 7.5

Distilled reverse osmosis water         5 to 7

Common bottled waters        6.5 to 7.5

Bottled waters labeled as alkaline     8 to 9

 

Alkaline water အယ်လ်ကာလိုင်းရေ https://dr-tint-swe.blogspot.com/2021/05/alkaline-water.html

Boiling Bottled Water ရေသန့်ကို ကျိုချက်ခြင်း https://dr-tint-swe.blogspot.com/2021/05/boiling-bottled-water.html

Water and pH ရေသန့်ဆိုတာ https://dr-tint-swe.blogspot.com/2021/05/water-and-ph.html

 

စေတနာမှာ ပညာမပါရင် ဒုက္ခပေးတတ်တယ်။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ