ဘာဝနာ

ဖရင်းထဲကတယောက်က စာရိုက်တာ မှားလို့ ပြင်လိုက်တယ်။ ဘာဝနာရေးတာ ဘဝနာဖြစ်နေလို့။ တစ်ကိုတော့ မပြောတော့ပါ။ 

ကျွန်တော်လည်း မှားတယ်။ ကိုယ့်နာမည်တောင် မှားရိုက်မိတတ်တယ်။ ဒါပေမဲ့ တ ကို တော့ တစ်မလုပ်မိပါ။

တင်းနစ်ကစားစဉ်က ဆရာတယောက်ကလာပြီး သင်ပြပါတယ်။ ဆားဗစ်ပေးတဲ့အခါ တင်းနစ်ဘောလုံးကို နဖူးပေါ်တည့်တည့်မြှောက်ပြီး အမြင့်ဆုံးနေရာကနေ ရက်ကက်နဲ့ ရိုက်ပါတဲ့။ သင်တန်းဆရာက လက်သား သေနေလို့ နဖူးပေါ်တည့်တည့်ကိုသာ ဘောလုံးကို မြှောက်မိပြီး လွဲအောင်မြှောက်မရတာ သတိထားမိတယ်။ ပုလဲမှာ မြို့နယ်ဆရာဝန်လုပ်စဉ်က။

သူငယ်တန်းကတည်းက တခုကို တခု၊ တယောက်ကိုတယောက်လို့သာ အခုထိ ရေးပါတယ်။

အခုခေတ်မှာ တစ်ရေးတာ လက်သေနေကြပြီ။ ဘာဝနာတည်း။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ