Bottled Purified Water ရေသန့် ရေနွေးကြမ်း

ဆရာရေးထားတဲ့ ရေသန့်ကို ရေနွေးတည်လို့ရတဲ့ ဆောင်းပါးလေးဖတ်ချင်လို့ တင်ပေးစေလိုပါသည်ခင်ဗျာ။ လေးစားစွာဖြင့်ပါဆရာ။

ပုံထဲက အပြာရောင် ရေသန့်ပုံးထဲကရေကို တည်စရာရေနွေးနည်အိုးထဲမှာထည့်ပြီး ပွက်လာတော့ စောမို လက်ဖက်ခြောက်ခပ် သောက်နေရင်း ဒီစာကို ရေးပါတယ်။ အဲလိုလုပ်နေတာက ဆယ်စုနှစ်တွေ ကြာပြီ။ နယူးဒေလီမှာ နေကတည်းက။ ကျွန်တော့မှာ ပြီးခဲ့တဲ့လအထိ ဆေးစစ်တော့ ကင်ဆာ မရှိဘူးတဲ့။ တခြား ရောဂါကြီးကြီးမားမားလည်း မရှိဘူးတဲ့။ အသက်အရွယ်အရ ဆီးကျိတ်ကငဆာလည်း စစ်တယ်။ နိုးတဲ့။  သွေးနည်းနည်းတိုးလို့ ဆေးတနေ့တပြားသောက်ပါတဲ့။ ကိုလက်စထောလည်း နည်းနည်း ပိုလို့ အစားသာဂရုစိုက် ဆေးသောက်စရာ မလိုသေးတဲ့။ စာရေးပြီးပြီ ရေနွေးတခွက် သောက်ဦးမယ်။

1. ဆရာ ခင်ဗျာ့ ရေသန့်စက်ရုံကထုတ်တဲ့ ရေသန့်ကို ကြိုချက်သောက်သုံးဖို့မသင့်ဘူးဆိုတာ ဟုတ်ပါသလား။ ရေသန့်ထဲပါတဲ့ ကလိုရင်းက အပူပေးရင် ဓါတ်ပြုပြီး လူ့ခန္ဓာကိုယ်ကို ဘေးအန္တရာယ်ဖြစ်စေတယ်လို့ တွေ့မိလို့ပါ။

2. ဆရာ တခုလောက် မေးချင်ပါတယ် ရေသန့်ကို ထပ်ကြိုချက်ပြီးသောက်ရင် ကျမ်းမာရေးနံ့ ညီပါသလားဆရာ ကလေးနို့မုန့်တိုက်ရင် လိုအပ်နေလို့ပါဆရာ 

3. ဆရာခင်ဗျား ရေသန့်ကိုကျိုချက်သောက်ရင် ဘေးဖြစ်တယ်ဆိုတာ မှန်ပါသလားခင်ဗျာ အမျိုးမျိုး ပြောနေကြလို့ပါ အချိန်ရရင် ပြန်ဖြေပေးပါအုံးဆရာ

4. ဆရာခင်ဗျား ရေသန့်ကိုအပူပေး (ကြိုချက်) ပြီးသောက်လျှင်ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျား ကျေးဇူးပြုပြီးအလင်းပြစေချင်ပါတယ်ခင်ဗျား


အလွန်မတန် အခြေခံကျတာကို Common sense ခေါ်တယ်။ ဘာမှကြီးကျယ်တာတော့ မဟုတ်။ ရိုးရိုးလေး တည့်တည့်လေးသာ ကြည့်တာမျိုး။ မှား မမှန် လွဲ အလိမ်ခံရခြင်း မေးခွန်းတွေ စုသာထားရင် စာတအုပ်စာ ရှိလောက်ပြီ။ ဆရာဝန်တွေက ဘယ်လိုပြောပြော လိမ်တာတွေကို မှတ်သားနာယူသူတွေလည်းရှိတာ သိပါတယ်။

ရေကိုပွက်အောင်လုပ်ကြတဲ့အကြောင်း အမျိုးမျိုးရှိတယ်။ တခုက ရေကိုသန့်စေအာင်နဲ့ နောက်တခုက ရေနွေးကြမ်း သောက်ချင်လို့ ဖြစ်တယ်။ ကော်ဖီ လက်ဖက်ရည်ဖျော်တဲ့အခါလည်း ပွက်အောင်ကျိုရတယ်။ ထမင်းဟင်းချက်ရာမှာ သုံးတဲ့ရေလည်း မီးပေါ်တင်ရတယ်။ စစ်စစ်ပေါက်ပေါက်ရေးရရင် ရေနွေးအိတ်ကပ်ချင်သူလည်း ပွက်အောင်ကျိုတယ်။ ရေနွေးကြမ်းဆိုတာ ရေရွေးတယ်။ လက်ဖက်ခြောက် ရွေးတယ်။ ရေနွေးကြမ်းကြိုက်သူတွေကသာ ပိုသိကြတယ်။ မိုးရေနဲ့ မြစ်ရေ ကောင်းတယ်။ ရေချိုကောင်းတယ်။ ရေချိုမှာလည်း အမျိုးမျိုး။ 

ဘယ်ရေကိုဖြစ်ဖြစ် ပွက်အောင်လုပ်ရင် ရေထဲမှာပါနေတဲ့ ပိုးတွေကို သေစေတယ်။ ပိုးဆိုတာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပရိုဇိုးဝါးတွေဖြစ်တယ်။ ကလိုရင်းကနေ ကလိုရိုဖောင်းဖြစ်အောင် ဓါတ်ခွဲခန်းထဲမှာ အတော်ကို လုပ်ယူရတယ်။ Chloroform (CHCl3) ကလိုရိုဖေါင်း။ Calcium hypochlorite Ca(OCl)2 ဘလိချ် ခေါ် ချွတ်ဆေး ခေါ် ရေသန့်ရာမှာသုံးတဲ့ဆေး။

ကျွန်တော် အိန္ဒိယမှာ ၂၄ နှစ်နဲ့ ယူအက်စ်မှာ ၇ နှစ်နေတယ်။ ရေနွေးကြမ်းနေ့တိုင်းသောက်တယ်။ မိုးရေ မရှိ။ မြစ်ရေ မရ။ ရေတွင်း မရှိ။ ရေသန့် ခေါ် ပုလင်းအမျိုးမျိုး ဗူးအမျိုးမျိုးနဲ့ရောင်းတဲ့ရေကိုသာ ရေနွေးကြမ်းအတွက် သုံးတယ်။ 

1. Alkaline water အယ်လ်ကာလိုင်းရေ https://dr-tint-swe.blogspot.com/2021/05/alkaline-water.html

2. Bottled Purified Water ရေသန့် ရေနွေးကြမ်း https://dr-tint-swe.blogspot.com/2021/08/blog-post_351.html

3. Bottled Water Questions ရေပုလင်း မေးခွန်းများ https://dr-tint-swe.blogspot.com/2021/05/bottled-water-questions.html

4. Chlorine ကလိုရင်းနဲ့ပိုးသန့်ထားတဲ့‌ရေကို အပူပေး‌သောက်သုံးရင် အန္တရာယ်မရှိပါ https://dr-tint-swe.blogspot.com/2021/06/chlorine.html

5. Flux for hot water ရေနွေးညသိပ်မြွေအဆိပ်တဲ့ မှား၏ https://dr-tint-swe.blogspot.com/2021/05/flux-for-hot-water.html

6. How much water ရေဘယ်လောက်သောက်ရမလဲ https://dr-tint-swe.blogspot.com/2021/07/how-much-water.html

7. Water and pH ရေသန့်ဆိုတာ https://dr-tint-swe.blogspot.com/2021/05/water-and-ph.html

8. Water pH မဟုတ်တာဆို ပိုမေးကြတယ် https://dr-tint-swe.blogspot.com/2021/01/bottled-water.html

9. Water Please ရေ https://dr-tint-swe.blogspot.com/2021/05/water-please.html

10. Water poisoning ရေအဆိပ်သင့်ခြင်း https://dr-tint-swe.blogspot.com/2021/07/water-poisoning.html

11. Water မှားသော ရေပညာပေးပို့စ် https://dr-tint-swe.blogspot.com/2021/05/water.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ