Liver Blood Test အသည်းအတွက် သွေးစစ်ခြင်း
(အင်္ဂလိပ်စာလုံးတွေပါနေတယ်။ ဆောရီး။)
၁။ ကျွန်မအကိုကြီးက B ပိုးပြရင်းနဲ့ ခါးကြီးပေါင်း(ကျီးပေါင်း)ပါရှိလို့ ကြီးပေါင်းင်း(ကျီးပေါင်း)ဆေးပါတွဲသောတ်ရပါတယ်ရှင် ခုတခါပြန်ပြတော့ သွေးစစ်တာ ASTများနေလို့တဲ့ဆရာ သွေးပြန်စစ်ရမယ်ပြောတယ်ပါတယ်ရှင့် ကျွန်မတို့က ဆေးပညာ ဘာမှနားလည်လို့ ASTက ဘာလို့ စစ်ရတာလည်းဆရာ ကျွန်မအကိုကြီးက ၅၂နှစ်ပါရှင် အသတ်(အသက်) အရင်မပြောမိတာက စိတ်လောသွားလို့ပါဆရာရှင့်
၂။ ဓါတ်မှန်ရိုက်ပြီး တပတ်ပြည့်ရင် ပြန်ပြဖို့ချိန်းတာ ယနေ့သွားပြပါတယ်။ CRP စစ်ခိုင်းပါတယ်။ ALT များနေပါတယ်ဆရာ။ covid မဖြစ်ခင်က ပုံမှန် ၆လတခါစစ်တုန်းက မများဖူးပါ။ covid နောက်ဆက်တွဲနဲ့ ဆိုင်ပါသလာဆရာ။ သွေးစစ်တဲ့အဖြေ ပါပို့လိုက်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။
၃။ ကျွန်တော့် အသက်က ၄၃ပါ။ အိမ်ထောင်နဲ့ သားလေး ၂ယောက်ရှိပါတယ်။ လွန်ခ့တဲ့ ၃ ရက်က အလုပ်ကိစ္စအတွက် ကျန်းမာရေးဆေးစစ်ရပါတယ်။ ကျန်တာအားလုံးကောင်းပေမဲ့ သွေးအဖြေတခုမှာ liver enzyme level 100 ပြနေတယ်လို့ ပြောပါတယ်။ ကျွန်တော် ဘီယာသောက်ပါတယ်။ ဆေး ၃ မျိုးပါတယ်။ ၂ ပတ်သောက်ပြီး သွေးပြန်စစ်ရပါမယ်တဲ့။ ကျွန်တော်သိချင်တာက liver enzyme level မြင့်တက်တာကို မကုပဲထားရင် ဘာတွေ ဆက်ဖြစ်နိုင်လည်းဆိုတာပါ။ အဲဒီဆေး ၃မျိုးမှာ side effect ဘာတွေရှိနိုင်လဲ။ Liv-Up ဆိုတဲ့ဆေးမှာ Tephrosia purpurea ဆိုတဲ့အပင်နဲ့ လုပ်တာလို့ပါတယ်။ မြန်မာလိုနာမည်လည်း သိချင်ပါတယ်ဆရာ။ ဘီယာဖြတ်လိုက်ပါပြီ။ လေးစားစွာဖြင့်။
Tephrosia purpurea က ပေါက်ပန်းနဲ့တူတယ်။ ပေါက်ပန်းဖြူမဟုတ်တာနေမလား မသိပါ။
အသည်းအလုပ်လုပ်နိုင်ပုံနဲ့ အသည်းကိုထိခိုက်မှုတွေကိုသိနိုင်လို့ပါ။ သွေးထဲမှာ (အင်ဇိုင်းမ်) ခေါ်တဲ့ (ပရိုတင်း) တွေ ရှိနေတာကို စစ်ရတယ်။ နေကောင်းနေတဲ့အချိန်မှာ ဒါတွေက အသည်းရဲ့ (ဆဲလ်) တွေထဲမှာသာရှိနေကြတယ်။ တခုခု ဖြစ်လာမှသာ အသည်းထဲကနေ သွေးထဲကို ရောက်လာကြတယ်။ အများဆုံးစစ်နည်းဟာ Aminotransferases (အမိုင်နိုထရန်စဖါရေ့စ်) တွေဖြစ်တယ်။ Transaminase လို့လဲခေါ်သေးတယ်။ Glycogen (ဂလိုင်ကိုဂျင်) လို့ခေါ်တဲ့ (အင်နာဂျီ) (မော်လီကျူး) တွေ အသည်းထဲမှာ သိုလှောင်ထားဘို့ရာ ဓါတ်ပြောင်းလဲရေးအတွက် လုပ်ပေးကြတယ်။ အတိအကျဆိုရင် Aminotransferase (AST = SGOT) နဲ့ Alanine aminotransferase (ALT = SGPT) လို့ခေါ်တယ်။
ဒီ ၂ မျိုးအပြင် တခြား (အင်ဇိုင်းမ်) တွေလဲ ရှိသေးတယ်။ Alkaline phosphatase, 5'-nucleotidase, Lactate dehydrogenase (LDH) နဲ့ Gamma-glutamyl transpeptidase (GGT) ဆိုတာတွေလဲ ရှိသေးတယ်။ နေကောင်းနေသူမှာလဲ AST (SGOT) တွေက အသည်းအပြင် နှလုံး၊ ကျောက်ကပ်၊ သရက်ရွက်၊ ဦးနှောက်နဲ့ ကြွက်သားတွေထဲမှာလဲ ရှိနေတယ်။ ဒီ (တစ်ရှူး) တွေ ထိခိုက်မှုရှိရင်လဲ သွေးထဲရောက်လာမယ်။ ဒါ့ကြောင့် သွေးစစ်လို့ ဒါတွေ များနေတိုင်း အသည်းတခုထဲကို စဉ်းစားရင် မှန်ချင်မှမှန်မယ်။ အသည်းမှာရှိတာက ပိုများလို့ အသည်းကို အရင်စဉ်းစားတယ်။
လူတယောက်နဲ့ တယောက်မတူနိုင်ဘူး။ BMI ခေါ်တဲ့ အရပ်နဲ့ အလေးချိန် အချိုးအပေါ်မူတည်တယ်။
• ပုံမှန် AST (SGOT) = 5 to 40 units/L ရှိတယ်။
• ပုံမှန် ALT (SGPT) = 7 to 56 units/L ရှိတယ်။
တချို့ ဓါတ်ခွဲခန်းနည်းက
• ပုံမှန် AST (SGOT) = 2-45 IU/L သတ်မှတ်ပြီးတယ်။
• ပုံမှန် ALT (SGPT) = 2-40 IU/L သတ်မှတ်တယ်။
ဒါတွေများနေတိုင်း အသည်းတခုထဲကို အပြစ်ရှာလို့မရသလို အသည်းဖြစ်နေအုံးတော့ များတာနဲ့ ရောဂါဆိုးတာ လို့ပြောလို့ ရချင်မှရတယ်။ လူတွေအများကြီးဖြစ်လေ့ရှိတဲ့ အသည်းရောင် (အေ) ဖြစ်နေသူတယောက်မှာ ထောင်ဂဏန်း ရှိနေနိုင်တယ်။ (အေ) က ဆေးမကုဘဲလဲ ပျောက်နိုင်တယ်။ (စီ) ပိုးရှိနေသူတယောက်မှာ ဒီဟာတွေက နဲနဲသာတက်ပေမဲ့ တချိန်မှာ အသက်ကိုပါ ထိခိုက်စေနိုင်တယ်။
ALT and AST levels တွေစစ်တာကို Liver function tests (LFT) လို အသည်းအလုပ်ပြစစ်ဆေးခြင်းလို့ ခေါ်ကြပေမဲ့ ထိခိုက်မှုရှိလို့ ရောင်ရမ်းခြင်း ရှိ-မရှိကိုသာသိစေတယ်။ ဒါတွေများနေပေမဲ့ အသည်းက အလုပ်ကောင်းကောင်း လုပ်နိုင်နေသေးတာလဲ ရှိတယ်။
အသည်းအလုပ်ကို တကယ်တန်း သိစေနိုင်တဲ့စစ်နည်းတွေကတော့ Coagulation panel ခေါ်တယ်။ Prothrombin time (PT) နဲ့ International normalized ratio (INR) တွေ ဖြစ်တယ်။ သွေးရဲ့ခဲနိုင်စွမ်းကို ပြတယ်။ သွေးဆိုတာ သွေးကြောထဲကနေ ထွက်တာနဲ့ ခဲသွားရမယ်။ ဒါမှသာ သွေးဆက်မယိုနိုင်တော့ဘူး။ သွေးကို ခဲစေနိုင်စွမ်းရှိတဲ့ Clotting factors တွေကို အသည်းကနေ ထုတ်ပေးနေတာ ဖြစ်တယ်။ အသည်းမကောင်းရင် နည်းနေမယ်။ သွေးထဲမှာ (အယ်လ်ဗြူမင်) ဆိုတာက အလုပ်တွေ အများကြီးနဲ့ ဆိုင်တယ်။ အသည်းကနေ လုပ်ပေးနေတယ်။ ဒါတွေသွေးထဲမှာ နည်းနေရင် နာတာရှည်အသည်းရောင်နေတယ်လို့ ပြောနိုင်တယ်။ သွေးနီဥတွေ ပျက်စီးတာ၊ အသစ်လဲတာကနေ ဘေးထွက်ပစ္စည်းအဖြစ် (ဘီလီရူဘင်) ဆိုတာ ထွက်လာတယ်။ အသည်းကနေ သည်းခြေရည်ထဲမှာပါနေမယ်။ ဒါတွေများနေတာကလဲ အသည်း ကောင်းကောင်း အလုပ်မလုပ်တာကို ပြနေတာဘဲ။ သွေးမှုံအရေအတွက် နည်းနေတာကလ အသည်းရောဂါ နောက်ပိုင်းရောက်နေတာကို ပြတာဘဲ။
လူကောင်းတွေကို အမှတ်မထင်စစ်ရင်းနဲ့ Liver enzymes တွေ နည်းနည်းကနေ အသင့်အတင့်အထိ များနေတာ တွေ့ရနိုင်တယ်။ ရောဂါရယ်လို့ မခေါ်နိုင်သေးတဲ့ Fatty liver အသည်းအဆီဖုံးလို့ခေါ်တာဆိုရင် ပုံမှန်ရှိရမဲ့ အများဆုံး ဂဏန်းထက် ၂ ဆကနေ ထောင်ဂဏန်းအထိ ရှိနိုင်တယ်။ အရက်သောက် များသူတွေမှာ ဖြစ်ကြတယ်။ နောက်ပြီး ဆီးချို ရှိသူနဲ့ လူအဝလွန်သူတွေမှာလဲ ရှိနိုင်တယ်။ အရေးကြီးတဲ့ နာတာရှည် နာတာရှည် အသည်းရောင် (ဘီ) နဲ့ (စီ) တွေဆိုရင်လဲ အဲလိုပြမယ်။
အသည်းရောင် (အေ) နဲ့ (ဘီ) ရက်တိုအတွင်းမှာ ဖြစ်နေတာဆိုရင် အသည်း (ဆဲလ်) တွေ အများကြီး အမြန်ပျက်စီးကြလို့ AST နဲ့ ALT တွေ အများကြီးတက်နေမယ်။ ၁ဝ ဆကနေ ထောင်ဂဏန်းအထိရှိနိုင်တယ်။ (ပါရာစီတမော) ဆေး အဆိပ်သင့်တာနဲ့ မှိုဆိပ်သင့်တာတွေကြောင့်လဲ များနေနိုင်တယ်။ အသည်းကို သွေးလုံလောက်အောင် မရောက်စေနိုင်တဲ့ အခြေအနေမျိုးမှာလဲ ဖြစ်နိုင်တယ်။ ကြွက်သားရောဂါ ဆိုးဝါးသူတွေမှာလဲ အဲလိုဘဲ။ အဖြစ်နည်းတဲ့ ရောဂါတွေကတော့ မွေးရာပါ Hemachromatosis, မွေးရာပါ Wilson's disease, မွေးရာပါ Alpha-1-antitrypsin deficiency, Celiac disease, Crohn's disease, Ulcerative colitis နဲ့ Autoimmune hepatitis တွေဖြစ်တယ်။
• Hepatitis C (စီ) က Hepatitis B (ဘီ) ထက်ပိုပြီး (အင်ဇိုင်းမ်) များနေတာဖြစ်နိုင်တယ်။ တခြားအသည်းရောင် (ဒီ) နဲ့ (အီး) တွေကနေလဲ များနေနိုင်တယ်။
• Hepatocellular carcinoma or Hepatoma အသည်းကင်ဆာရှိလို့ (အင်ဇိုင်းမ်) များနေတာက ရှားတယ်။
• အရက်ကြောင့်အသည်းမှာဖြစ်နေရင် AST က 300 units/liter အောက်နဲ့ ALT က 100 units/ liter အောက် ရှိတတ်တယ်။ ဒါ့ကြောင့် အရက်၊ ဆေးဝါး နဲ့ လူအဝလွန်တာတွေကိုလဲ စဉ်းစား ကုသရမယ်။
• အဲဒါတွေမဟုတ်ရင် Hepatitis B နဲ့ C virus ကိုစစ်ရမယ်။
• အဲဒါလဲမဟုတ်ရင် Iron သွေးထဲက သံဓါတ်ကိုလဲစစ်ရမယ်။ များနေရင် Hemachromatosis ရောဂါ ဖြစ်မယ်။
• သွေးထဲမှာ Ceruloplasmin နည်းနေရင် Wilson's disease ဖြစ်နိုင်တယ်။
• Autoimmune hepatitis ရောဂါဆိုရင် Anti-nuclear antibody, Anti-smooth muscle antibody နဲ့ Anti-liver and kidney microsome antibody တွေ များနေမယ်။
• Ultrasound and CT scan ရိုက်ရင် ကင်ဆာ ရှိရင်တွေ့မယ်။
• Gallstones သည်းခြေကျောက် နဲ့ ကင်ဆာအကျိတ်ကနေ သည်းခြေပြွန်ကိုပိတ်နေတာ ရှိနေရင်လဲ တွေ့မယ်။
• Liver biopsy အသည်းက အစလေးထုတ်စစ်တာလဲ လိုအပ်ရင်လုပ်မယ်။
AST:ALT အချိုးချကြည့်ရင် အကြမ်းဖျဉ်း ၁ ဖြစ်နေရတယ်။
AST:ALT ratio အချိုးက 2:1 ထက်များနေရင် အရက်ကြောင့် အသည်းထိခိုက်နေတယ်။
AST:ALT အချိုးက ၁ ဖြစ်နေပေမဲ့ AST က ALT ထက်များနေရင် Cirrhosis အရက်မသောက်ဘဲ အသည်းခြောက်နေတာ ဖြစ်နိုင်တယ်။
ဒါတွေအပြင် ဆေးတွေကြောင့်လဲ များနေနိုင်တယ်။
• အနာ-အကိုက်-အဖျားသက်သာဆေးတွေဖြစ်တဲ့ Aspirin, Acetaminophen, Ibuprofen, Naproxen, Diclofenac နဲ့ Phenylbutazone တွေ။
• Antidepressant drugs စိတ်ကျဆေး Tricyclic type အမျိုးအစားတွေ။
• Anti-seizure medications အတက်သက်သာဆေးတွေ = phenytoin (Dilantin), valproic acid (Depakote, Depakote ER, Depakene, Depacon), carbamazepine (Tegretol, Tegretol XR, Equertro), and phenobarbital
• Antibiotics ဗက်တီးရီးယားအတွက်ဆေးတွေ = tetracyclines, sulfonamides, isoniazid (INH), sulfamethoxazole (Gantanol), trimethoprim (Trimpex; Proloprim, Primsol), nitrofurantoin (Macrodantin; Furadantin; Macrobid), fluconazole (Diflucan) and some other anti-fungals စသည်။
• Cholesterol lowering drugs (ကိုလက်စထော) ကျဆေးတွေ = lovastatin (Mevacor, Altocor), pravastatin (Pravachol), atorvastatin (Lipitor), fluvastatin (Lescol), simvastatin (Zocor), rosuvastatin (Crestor), and niacin စသည်။
• Cardiovascular drugs နှလုံးဆေးတွေ = amiodarone (Cordarone), hydralazine (Apresoline), quinidine (Quinaglute, Quinidex) စသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment