သုမနကျောမှာ ဒဏ်ရာတွေနဲ့


ထွီ ကံများနှယ် ဆိုးလိုက်တာ။ ကွမ်းသွေးတောင် မနီတော့ဘူး။

အပင့်အခေါ်လာသူ မရှိတာလည်းကြာပြီ။ သည်မိန်းမလုပ်စာ စားရတာ မျိုမကျချင်ဘူး။ ကရုဏာသက်လို့တော့ ဘယ်ဟုတ်မှာလဲ။ အပင်းလျှိုတယ်ချည့် ပြောပြောနေတယ်။ မကြားတကြား ပြောတာလဲမဟုတ်။ ခြေရင်း ခုနစ်အိမ်၊ ခေါင်းရင်း ခုနစ်အိမ် ကြားရတယ်။

ငါကလဲ ဘယ်ထိုင်နေချင်ပါ့မလဲ။ အပင့်အခေါ်လာတယ်ဆိုယင် လက်ဖက်ရည်တခွက်လောက်ကတော့ သေချာတယ်။ ကာရန်ပြေယင် ထမင်းတနပ်လောက်လဲ စားချင်စားရမယ်။

ရမ်းကုဆေးဆရာတယောက်ပါတဲ့ မောင်သာရရေးတဲ့ဝတ္ထု အခန်း ၁ ဖြစ်ပါတယ်။

အခုခေတ်စာရေးဆရာ၊ ကဗျာဆရာ၊ မြန်မာစာဆရာ၊ ဒေါင်းလုဒ်ရမ်းကုဆရာတွေကတော့ -

မကြားတကြား မဟုတ်။

လက်ဖက်ရည်တခွက် မဟုတ်။

ထမင်းတနပ် မဟုတ်။

မြန်မာစာ့ကျောမှာ ဒဏ်ရာတွေနဲ့။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ