ပညတ် ပရမတ်
အဟုတ်တကယ် ရှိသကဲ့သို့ လောကသင်္ကေတ အမှတ်ဖြင့် ခေါ်ဝေါ်ကြသော သဘောသည် ပညတ် ဖြစ်ပါတယ်။ လောကီနယ်မှာ လူမျိုးအလိုက် ဒေသအလိုက် ကာလအလိုက် အများသဘောတူ ခေါ်ဝေါ် သမုတ်ကြတဲ့ အမည် တွေသာ ဖြစ်ပါတယ်။
ပညတ် ဥပမာ
လူ၊ ခွေး၊ ကြောင်၊ သစ်ပင်။
ပညတ် ခြောက်မျိုးရှိပါတယ်။
(၁) ဝိဇ္ဇမာနပညတ်
(၂) အဝိဇ္ဇမာနပညတ်
(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်
(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်
(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်
(၆) အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်
၂။ ပရမတ်
ပရမတ္ထ ဆိုသည်မှာ ပါဠိ စကားတည်း။ မြန်မာလို “မြတ်သောအနက်သဘော”ဟု ဆိုလိုသည်။ “မြတ်”ဆိုသည်မှာလည်း “မွန်မြတ်၊ မြင့်မြတ်၊ ကောင်းမြတ်”ဆိုသော အမြတ်မဟုတ်။ ပင်ကိုယ်သဘောအတိုင်း မဖောက်ပြန် မပြောင်းလဲပဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။
ပရမ = မြတ်သော၊ အတ္ထ = အနက်သဘော။ ပရမတ္ထ = မြတ်သောအနက်သဘော။ ဤ ပရမတ္ထသဘောကို “ပရမတ်”ဟုလည်းခေါ်၏။
ထို ပရမတ္ထတရားကား စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် အားဖြင့် ၄ ပါးရှိသည်။ (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာကျမ်း)
စေတသိက် သတ်ပုံကို မှားရေးတာတွေ မကြာခဏတွေ့ရတယ်။ ကသတ်နဲ့သာရေးရတယ်။ တသတ် မဟုတ်ပါ။ စေတသိက - စေတသိက်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment