ရွှေကျီးညို

အိမ်ခေါင်စွန်းဆီက

လွမ်းလှအောင် တအာအာနှင့်

မောင်နက်ပြာ ကိုရွှေကျီးကိုလ

ကျေးဇူးကြီး တင်မိပါ။

အုံတအုံ မှုန်တမှုန့်ရယ်နှင့်

မိုးလုံ့မကြည်လင့်တဲ့ပြင်

လေညင်ညင်ဆို မပြောသာဘု

ဟောဟိုဆီ ပညောင်ပင်ဖြင့်

ရုပ်ပုံပင် ဘယ်မငြင်းနိုင်ဘု

ဓာတ်လောကာ မိုက်မလင်းမှာလ

သီချင်း သံချိုချိုနှင့်

ရွှေနှုတ်ကို အသာဖွင့်ကာပ

ကြွေးရင့်ကာ သာသာကျူတော့

ကြားရသူ ဘယ်ကိုလွမ်းရပါ့

ရွှမ်းပီတိဖြာ။

တို့သူငါ စက်ကာလျောင်းပါတဲ့

ခေါင်းရင်းဆီ အိမ်ခေါင်စွန်းဆီက

ခွန်းဆင့်ကာ ချိုချိုမြည်တော့

လာလိမ့်မည် ဧည့်သည်ကလေးဟာဖြင့်

နဂိုမူ လူယဉ်အေးရယ်လို့

တွေးကာပါ့ မောင့်ဝမ်းသာ

ထင်ပါငဲ့ စိတ်ထဲ။

လာစေတော့ကွယ်

စားသောက်ရန် အလှယ်လှယ်နှင့်

အသွယ်သွယ် စီမံသကာဖြင့်

မောင်ဧည့်သည် လာချိန်ဆပါလို့

ဗလဝ ခြွေသဒ္ဓါနှင့်

နေအခါ ရောင်ခြည်ယွန်းစေတော့

စေတနာ ပြောင်ကြည်ရွှန်းရယ်နှင့်

ကွန်းထောက်မှာပဲ။ ။ (ဇော်ဂျီ)

ဂန္ထလောက၊ အတွဲ ၁၄၊ အမှတ် ၈၄၊ ဇန်နဝါရီ ၁၉၃၂။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ