December Days ထွက်ပြေးရတာ ဒီဇင်္ဘာ

၁၉၉၀ တုန်းက ဒီရက်တွေမှာ စစ်အစိုးရဖမ်းတာမခံရအောင် ရှောင်တိမ်းနေရချိန်ပါ။ လာဖမ်းတဲ့ညမှာ ညစာကို ပြီးအောင် မစားခဲ့ရပါ။ အေးလှချမ်းလှပေမယ့် ချွေးပြန်အောင်ပုန်းရှောင်ခဲ့ရတယ်။ ခဲလောက်အောင်အေးလှတဲ့ ချင်းတောင်တန်းပေါ်က ရေစီးတွေထဲမှာ ခြေဗလာနင်းရတယ်။ စိုထိုင်းနေတဲ့မြေကြီးပေါ်မှာ အိပ်စက်ခဲ့ရတယ်။ ၆ ရက်နဲ့ ၅ ညတာဖြတ်သန်းအပြီး သူများတိုင်းပြည်မှာ ခိုလှုံလိုက်ရတာ အခုထိပါ။

အကာအကွယ်ပေးခဲ့ကြသူတွေ၊ နေစရာ၊ အိပ်စရာ၊ စားသောက်စရာ၊ သွားလာစရာမှန်သမျှ လိုလေသေးမရှိရ ဖြည့်ဆည်းပေးကြသူတွေ၊ အဆုံးအမစကား လာရောက်မြွက်ကြားပေးကြတဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းဆက်သွယ်ရေး၊ လုံခြုံရေး ဆောင်ရွက်ပေးသူတွေ၊ ကူညီပါမယ်လို့ ကမ်းလှမ်းကြသူတွေကို မမေ့ပါ။ 

သူတို့နာမည်တွေဟာ ဘယ်သောအခါမှ ကိုယ်ပိုင်ဒိုင်ယာရီထဲကအစ သမိုင်းစာမျက်နှာတွေပေါ် တင်မှာမဟုတ်ပါ။ လူသာဆွေးတယ် အမှုကမဆွေးလို့ ဇနီးကမကြာမကြာသတိပေးလို့ပါ။ စိတ်ထဲကနေသာ ဆုတောင်းပေးရတယ်။

အဲဒီကတည်းက ဒီဇင်္ဘာလဟာ ကျွန်တော့်ဘဝမှာ ပုန်းရှောင်ထွက်ပြေးရတဲ့လလို့သာ သတ်မှတ်ထားလိုက်တော့တယ်။ ဒီဇင်္ဘာသည် အေးလှ၏။ ဘေးတွေ့ခဲ့ရ၏။ ပြေးခဲ့ရ၏။ ဝေးခဲ့ရ၏။

ဒေါက်တာတင့်ဆွေ

၁-၁၂-၂၀၁၆

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး