တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုတိုပေါင်းချုပ်
မောင်က ချော့ချော့မော့မော့နှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြော၏။ ထို့နောက် ချိုချိုသာသာဖြင့် နတ်သျှင်နောင်၏ ကဗျာတပုဒ်ကို ရွတ်ဆိုပြသည်။
တသောင်းဇမ္ဗူ
လှည့်ယူကြိုက်ရာ
ရွေးခဲ့ရှာလည်း
စကြာရဟတ်
ပန်းကာပတ်လိမ့်။
ထိုစဉ်က မြသွေးသည် ပြုံးလို့ပင် ရယ်လိုက်သည်။ နှုတ်ခမ်းဖြင့်ရော၊ မျက်လုံးဖြင့်ရော၊ အသဲနှလုံးဖြင့်ရော ပြုံး ပြုံး ပြုံး၍ပင် ရယ်လိုက်ခဲ့ရပါ၏။
သြော် မောင်ရယ်။ သြော် အတိတ်တွေရယ်။
- - -
ထို့နောက် ကုတ်အကျႌတထည်၊ ကုတ်အကျႌဘေးဘက်မှာ ပြင်းထန်သောအင်အားတခုကြောင့် စုတ်ဖွာထွက်နေသည်။ ကုတ်အကျႌအပြာပေါ်တွင်လည်း သွေးတို့လွှမ်းညိုနေသည်။ သွေးစွန်းသော လုံချည်တထည်။ ဟောင်းနွမ်းသော ဆရာဝန်ကို နားကြပ်တခု။
ဤပစ္စည်းတို့ကို ကြည့်ရင်း မြသွေးငိုင်နေသည်။ ဤသို့ငိုင်မိသည့်အခါပေါင်းလည်း မရေတွက်နိုင်တော့။
မြသွေး၏မျက်နှာမှာ တည်ငြိမ်လျက်ဖြစ်သော်လည်း မျက်ရည်များက ပါးပြင်ထက် အဆက်မပြတ် စီးဆင်းနေ၏။
မျက်ရည်များကို လက်ဖမိုးနှင့်သုတ်ပြီး မြသွေးသည် ဒူးထောက်ထိုင်ချလိုက်သည်။ အံဆွဲတွင်းမှ သေတ္တာလေး တလုံးကို ဆွဲယူလိုက်သည်။
သေတ္တာတွင်း၌ ဆရာဝန်ဘွဲ့လက်မှတ်တခုရှိသည်။ ဓါတ်ပုံတပုံလည်း ရှိသည်။ မြသွေးလက်စွပ်တကွင်းလည်းရှိ၏။
မောင်နှင့်မြ တွေ့ခဲ့ရသော အချိန်မှစ၍ ခွဲခွာကြသည်အထိ လပေါင်းမကြာလှ။ ထို့ကြောင့် စာများမရှိ။ မြလက်စွပ်ကိုမူ အသာယာဆုံးအချိန်၌ မောင်ကပေးခဲ့သည်။
- - -
တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုတိုပေါင်းချုပ် စာအုပ်ကို ၁၉၆၉ ခုနှစ် ဇူလိုင်လမှာ ထုတ်ပါတယ်။ ကျွန်တော်တို့ ဆေးကျောင်းတက်နေရပြီ။ တက္ကသိုလ်ဘုန်းနိုင်က သတ်ပုံမှန်တယ်။
၂၀၁၈ ခုနှစ်က အပြန်မှာ ကျွန်တော့ သံသေတ္တာဟောင်းလေးအတွင်း၌လည်း ဆရာဝန်ဘွဲ့လက်မှတ်တခု တွေ့ခဲ့ရပါသည်။ ဟောင်းနွမ်းလှပေပြီ။ သြော် အတိတ်တွေရယ်။ သြော် မြန်မာစာ သတ်ပုံမှန်ခဲ့တဲ့ အတိတ်တွေရယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment