ရေသည်ပြဇာတ်

မြို့တောင်မျက်နှာက ရေရောင်းမိန်းမ ထွက်ဆိုရန်စကားမှာ -

သြော် - ဗာရာမည်ခေါ်၊ သည်ပြည်တော်မှာ၊ အကျော်ဇေယျ၊ ခေါင်မှာစွဲအောင်၊ မွဲတေလှတဲ့၊ ကျွန်မကိုယ်ငယ်။ တခါတရံ၊ လောကဓံမှာ၊ ကံမျက်စိလယ်လို့မှ၊ ပြောင်နိုင်တယ်မရှိ၊ ရေရွက်လို့ရောင်း၊ ဝမ်းကိုကျောင်းရတယ်၊ ခေါင်းကျိန်းလို့ရိခဲ့ပြီ။ ပဲစိတဝက်၊ ပြောင်းတဝက်နှင့်၊ ဆန်ပြက်သိကာ၊ ပါကောင်းလို့ ပါတော့တယ်။ ဟင်းလျာက ပီလော၊ လည်ချောင်းကို မြေလှန်၊ ဂလုံဆန်းအောင်၊ စုံကန်လို့ မျှောရတယ်၊ ကောလိုက်တဲ့ကံ၊ မုရင်းဆန်နှင့်၊ ပွဲရံချဉ်ပေါင်၊ ကျွေးနိုင်တဲ့မောင်များကို၊ လူ့ဘောင်တွင်တခါ၊ ကြိမ်စမ်းချင်ပါဘိ၊ ဇာတာထွန်းပေါ်၊ ကံနှိုးဆောင်လို့၊ မတော်တဆ၊ မုရင်းမောင်မောင်၊ ဦးချဉ်ပေါင်ရိ့့နှင့်၊ အိမ်ထောင်များကျခါမှ၊ ဝဝကြီးပေါင်းလန်အောင်၊ ဝမ်းစည်းစိမ်ခံတော့မယ်။

သြော် - တောင်ကြံမြောက်ကြံ၊ အရံတောက်တီး၊ ဆင်းရဲခန်းကို၊ နိဒါန်းသွယ်လို့၊ ဘယ့်နှယ်ပင် ညည်းသော်လည်း၊ ဆန်နီးမယ်မဟုတ်၊ ရေကြပ်ကြပ်ရောင်းနိုင်မှ ပြောင်းဆန်ကို ကုပ်မိမယ်၊ စုတ်ပေတောင့် ထမိန်၊ အစပ်ကတရာ၊ အဖောက ဗရဗျစ်၊ မှောင်ကျအောင်ညစ်ပါတဲ့၊ ပဆစ်အမ်ကို၊ သုံးလွန်းလိမ် ခါးတင်ထိုးလို့၊ ရေအိုးကိုရွက်၊ မူရာတော် နွဲ့နှောင်းနှင့်၊ ရေချိုရောင်းထွက်မယ်၊ ကိုးမျက်စုံ မှန်ဝိုင်းလယ်က၊ ရေသယ်ကို နေမမြင့်အောင်၊ အိုးပင့်တော်မူလိုက်စမ်း မောင်ကြီးရှင့်။

ဦးပုညရေးသားတဲ့ ဂင်္ဂါမာလ ခေါ် ရေသည်ပြဇာတ်၊ ၁၉၅၉ ခုနှစ်မှာထုတ်တယ်။ ကျွန်တော်တို့ အထက်တန်းမှာ သင်ခဲ့ရ ဖတ်ခဲ့ရတယ်။ 

တခါတရံ၊ ပဲစိတဝက်၊ ပြောင်းတဝက်နှင့်၊ လူ့ဘောင်တွင်တခါ၊ အစပ်ကတရာ၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ