သန့်ရှင်းသော အဝတ်ကို ဝတ်ခြင်းအကြောင်း
၂။ သူ့အမေသည် သူ့ကို နေ့စဉ် သန့်ရှင်းသော အကျႌကို ဝတ်စေ၏။
၃။ သူ့မှာ ချည်လုံချည် လေးထည်နှင့် ပိုးလုံချည် တထည်ရှိ၏။
၄။ သူသည် ပိုးလုံချည်ကို တခါတရံသာ ဝတ်သည်။
၅။ အဝတ်ဟောင်းများကို သူ၏အစ်မ မမှန်က လျှော်ဖွပ်ပေးသည်။ သူ၏ဆံပင်ကိုလည်း ဖြီးပေးသည်။
၆။ တနေ့သ၌ မောင်ဘချိုသည် ဤကဲ့သို့ ညစ်ပေနေသော အကျႌကို ဝတ်လာ၏။
၇။ ဆရာ ကိုဘိုးမြက မောင်ဘချို ဤကဲ့သို့ ညစ်ပေသော အကျႌနှင့် ကျောင်းသို့ မလာပါနှင့်။ ယခု အိမ်သို့ပြန်၍ သန့်ရှင်းသော အကျႌကို လဲခဲ့ပါဟု ဆိုလေသည်။
၈။ ထိုနေ့မှစ၍ ကျောင်းသားတိုင်း သန့်ရှင်းစင်ကြယ်သော အကျႌလုံချည်တို့ကို ဝတ်ဆင်ကြလေ၏။
လွန်ခဲ့သောခေတ်က ပထမတန်း ကျောင်းသုံး ဒေါင်းဖတ်စာထဲက ဖြစ်ပါတယ်။ ကျွန်တော်လည်း ဖတ်ခဲ့ရပါသည်။
ယခုသော်ကား တထည်ကို တထည်ဟုလည်းကောင်း၊ တခါတရံကို တခါတရံဟုလည်းကောင်း၊ တနေ့သ၌ကို တနေ့သ၌ဟု လည်းကောင်း မရေးကြတော့ပါ။ ယခုခေတ်မြန်မာစာသည် စာထဲကမောင်ဘချိုကဲသို့ ဖြစ်နေပါတော့သည်။
စာရေးသားသူတိုင်း သန့်ရှင်းစင်ကြယ်သော အကျႌလုံချည်တို့ကို ဝတ်ဆင်ကြစေလိုပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment