အလွန်လင်းသော မှောင်ခို
သတင်းရေးသူ သတ်ပုံလည်း မှန်တယ်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ အစစအရာရာရှားပါးတယ်။ သာမန်လူတွေအတွက် နေ့တိုင်းစားရသောက်ရ၊ သုံးစွဲရနဲ့ ဝတ်စားရတာတွေပါ ရှားတယ်။ ခွဲတမ်းစနစ်နဲ့သာ ဝယ်ယူခွင့်ရှိတယ်။ မဆလ လူကြီးတွေအတွက်ကတော့ အထူးစပယ်ရှယ်ဆိုင်တွေရှိတယ်။
ခွဲတမ်းဆန်တွေက စားမဖြစ်လောက်အောင်ညံ့တယ်။ အတော်အသင့် မိသားစုတွေက ခွဲတမ်းဆန်ကို ပြန်ရောင်းပြီး နည်းနည်းသင့်တဲ့ဆန်ဝယ်စားကြရတယ်။ လူကြီးတွေသာဝယ်ခွင်င့်ရတဲ့ပစ္စည်းတွေကို မှောင်ခိုစျေးမှာ ဝယ်လို့ရတယ်။ ပါတီလူကြီးအမည်၊ ကောင်စီလူကြီးအမည်တွေတော့ မပါ။
ဗီယက်နမ်စစ်ပွဲကာလမှာ ဆိုဗီယက်ကရော အမေရိကန်ကပါ စည်းရုံးရေးနဲ့ ဝါဒဖြန့်ချိရေးတွေ အပြိုင်လုပ်ကြတယ်။ ယူအက်စ်အေက ဆန်အိတ်တွေဝေတယ်။ ဆိုဗီယက်က ပိုလည်တယ်။ အမေရိကန် ဆန်အိတ်ပေါ်မှာ တူတံစဉ်ရုပ်တွေ ကပ်လိုက်တယ်။
မဆလခေတ်မှာ (ကန်တော့) ကိုယ်ဝန်တားဆေးကလည်း ရှားတယ်။ ဒါပေမဲ့ မှောင်ခိုမှာ တကပ် ၂ ကျပ်သာ ပေးရတယ်။ ဘင်္ဂလားဒက်ရှ်ကို ယူနီဆက်ပ်က အလကားဝေတာတွေ ရန်ကုန်နဲ့ မန္တလေးရောက်လာတယ်။ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment