နှင်းဆီတရှိုက် စပယ်တပိုက်
တိုင်းပြည်ကြီး မငြိမ်းနိုင်ကတည်း တရှိုက်နဲ့ တပိုက်စာလုံးတွေပါ မလွတ်လပ်တော့ပါ။
စပယ် နဲ့ စံပယ်က မူကွဲ။ ဒါပေမဲ့ လျှာရှည်တာကိုသာ အဟုတ်ထင်ကြတယ်။
စပယ်ပင် ဦးလတ်(၁၂၂၈- ၁၂၈၃) က ဒီလိုရေးပါတယ်။
စပယ်ပင်၊ နယ်စဉ်သူလှည့်လို့၊ လူကြည့်အောင်ပျိုး။ ထိုက်ကြလျှင် ပန်ပစေလို့၊ ဉာဏ်ကဝေ တကယ်ဆန်းလိုက်တယ်၊ နမ်းကြ မညှိုး။
ပြည် တဝိုက်ကယ်က၊ 'ကြည်' ခိုက်တယ်လို့ ဆိုသူဆို၊ မှန်တိုင်းသာပ၊ 'ကြံသိုင်း' မတ်ပဂေးတို့လို၊ တွေးကြထိုထို၊ 'ကြည်' အပျို၊ ကြည်ညိုလို့ ကျုပ် မပေး။
'စပယ်ပင်' ဝတ္ထု - ဝတ္ထု၊ ရှုကြ - ရှုကြ အကုန် - အကုန်၊ နုလှ - နုလှ အစုံ အစုံငယ်၊ တပုံ - တပုံ အယဉ်သုံး၊ ၊ စဆုံး - စဆုံး ဖတ်ကြပါလျှင်၊ မှတ်စရာ - မှတ်စရာ သာ၍ - သာ၍ မဆုံး၊ ၊ သုတ - သုတ လိုရာရာကို၊ ချိုစွာ - ချိုစွာ စီစဉ်ကုံး၊ ၊ ကြည်လင် - ကြည်လင် အစဉ်သုံးဖို့၊ ရွှင်ပြုံး - ရွှင်ပြုံး ရှိဖို့ကို၊ ၊ ကုန်းဘောင် - ကုန်းဘောင် နာသိင်္ဃ၊ ပဝရ - ပဝရ ထွန်းပ၊ ပြည်ရွှေဘို၊ ၊ လွမ်းစရာ့ - လွမ်းစရာ့ ကြည်စေပိုအောင်၊ ရည်ဆို - ရည်ဆို ရာဝင်ချပ်လို့၊ စာဖတ် - စာဖတ် ထပ်ထပ် ပဒုံ၊ ကပ်ဦး ပေါ်သည့်ပုံ၊ ၊ ဖတ်ကြ - ဖတ်ကြ ဝစနာ့စုံသည်၊ အမတ ရွှေဘုံ ရောက်ကြောင်းပေပလေး။"
မြန်မာစာသည် အမ(တစ်) ရွှေဘုံသို့ ဦးတည်နေပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment