အနီနဲ့အပြာ

နေရင်းထိုင်ရင်း ဖရင်းတယောက် လျှော့သွားတယ်။ ဘာလို့လည်း မသိပါ။ ဘလော့ခြင်းအမှုက မပြုရတာ နည်းနည်းလေးကြာပြီ။ အမှတ်ရလို့ ဆရာမောင်စွမ်းရည်ကို ဖရင်းထဲထည့်လိုက်တယ်။ မက်စင်ဂျာကနေတော့ ဆက်သွယ်နေကြတာ နှစ်တွေကြာပြီ။ အခုမှသာ ထည့်ရတယ်။ ဆောရီးပါဆရာ။ အဲလိုဘဲ ညီတယောက်ကိုလည်း အတော်ကြမှသာ ဖရင်းထဲထည့်ရတယ်။

လက်ထဲမှာရှိတဲ့ ဆရာမောင်စွမ်းရည် အနီနဲ့အပြာ ကဗျာစာအုပ်ကို ၁၉၆၄-၆၅ မှာထုတ်တယ်။ (တ) ကို (တ) လို့သာရေးတယ်။ 

(၁)

ဘုရားရှေ့မှ၊ လည်ဆံဖွ၍

ခေါင်းကြွ ရင်မောက်၊ အမြီးမြှောက်လျက်

ဟောက်တော့မည့်ပုံ၊ ခုန်တော့မည့်လား

မာန်ဝံ့ကြွားသည်

အုတ်သားခြင်္သေ့ ခန့်ပါပေ့။

တနေ့ခါတွင်၊ သူ့ကျောပြင်ထက်

ကျေးငှက်စွန့်ထား၊ ညောင်စေ့များသည်

အုတ်သားကိုဖေါက်၊ အပင်ပေါက်ခဲ့

ဟိန်းဟောက်မာန်ချီ၊ ခြင်္သေ့သည်ကား

မထီမာန်တက် မြဲပါကို။ (မောင်စွမ်းရည်)

(၂)

အဘွားအိုနဲ့ နပန်းသမား

ဟို-ရှေးရှေးတုန်းက ကမ္ဘာ့လူသန်  လူလွန်မသားကြီးတဦး ရှိခဲ့ဖူးသတဲ့။ (မောင်စွမ်းရည်)

(၃)

ပိတောက်လွမ်းချင်း မိုးတမ်းချင်း အဆုံးပိုဒ်

နေစွယ်ချိုးပေါ့

ပန်းမျိုးတရာ၊ လန်းခွင့်သာအောင်

ပန်းမျိုးတရာ။ ဝေခွင့်သာအောင်

ရွာ - ရွာတော့မိုး၊ အို - ဘယ့်မိုး။ (မောင်စွမ်းရည်)

မောင်စွမ်းရည်ရေးတဲ့ ကဗျာအစစ်က သတ်ပုံတွေ မှန်တယ်။ Win Pe ဆရာမောင်စွမ်းရည်ကို လှမ်းမေးလို့ ရပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး