မပျော့်တပျော် အိပ်ချင်တယ်
(ဘုတလင် ချစ်လေး)
အဖွဲ့ခက်၍
တဝက်ကဗျာ၊ တိုတထွာနှင့်၊
ပိုဗျာလှိုက်ယင်း၊ ငိုက်မိတယ်။
ငါ့ဆံစကို
နှမ လက်ဖြင့် ပင့်လှာတယ်။
ငါ့ပါးပြင်ကို
ညင်သာလက်ဖြင့် သပ်နေတယ်။
ငါ့လည်ပင်းကို
တင်းတင်းရစ်လို့ သိုင်းပြန်တယ်။
ငါ့လက်မောင်းကို
နှာခေါင်းနှင့်ဖွေ့၊ သွားနှင့်မွေ့၍၊
အလေ့ နာအောင် ကိုက်လိုက်တယ်။
ချစ်သူအလို၊ ငါမငြိုဘဲ၊
ကိုယ်မှာ ပိုက်ထွေး၊ မျက်လွှာမှေးပြီး၊
ဝေးကမာ္ဘဘက်၊ ထွက်ကြတယ်။
ဖြတ်ကနဲနိုး
ဝိုးဝါးသမ်းမှုန်၊ ရင်တွေခုန်တယ်၊
ဆုံကြုံသူလေး၊ ဘယ်ဆီပြေးတုန်း၊
နီးဝေးပတ်ချာ၊ လှကလျာကို၊
ဖွေရှာမတွေ့ ပါပြီတည်း။ ။
ဆရာ ဘုတလင် ချစ်လေးက ကျွန်တော်တို့ကို မြန်မာစာ သင်ပေးပါတယ်။
မပျော့်(တစ်)ပျော် မဟုတ်ပါ။ (တစ်)ဝက်ကဗျာ၊ တို(တစ်)ထွာနှင့် မဟုတ်ပါ။
သတ်ပုံမှန်တဲ့ မြန်မာစာ၊
နီးဝေးပတ်ချာ၊ လှကလျာကို၊
ဖွေရှာမတွေ့ ပါပြီတည်း။ ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment