မနေ့ကနဲ့ အတူ ယနေ့မတူ မထူးပြီ

ပြည်တွင်းက ကျန်းမာရေးမှူးတဦးက သူ့လူနာတယောက်ကို ဆေးသွားကုပေးရတဲ့အတွေ့အကြုံတခု ရေးပါတယ်။ လူနာ့ဆီသွားရတဲ့ ရွံ့တွေရေတွေနဲ့ လမ်းပုံလည်း ပါတယ်။

ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြု၊ သားဖွားဆရာမတွေဟာ လမ်းအမျိုးမျိုးကနေ သွားလာကြရပါတယ်။

ကဗျာဆရာတွေကတော့ ခယောင်းတော၊ ဆူးခင်းသောလမ်း၊ ဘာညာရေးကြတာပေါ့။

ကျွန်တော်ကိုယ်တိုင် ခြေလျင်၊ နွားလှည်း၊ မြင်းလှည်း၊ ဆိုက်ကား၊ ဂျစ်ကား၊ ပစ်ကပ်ကား၊ ထွန်စက် စုံပါတယ်။

မိုးရွာ၊ နေပူ၊ ဖုံထူ၊ လေတိုက်၊ ညဉ့်နက်သန်ကောင်၊ လင်းအားကြီး၊ နေထန်းတဖျား၊ ၂၄ နာရီ။

တိုက်အိမ်၊ သစ်သားအိမ်၊ ကပ်မိုးကပ်ကာ၊ ထန်းလက်မိုး၊ ထန်းတဲ၊ သစ်ပင်အောက် စုံပါသည်။

ရောဂါတွေ ခြေစ ခေါင်းဆုံး စုံပါသည်။

ဆေးကုခလည်း ရပါသည်။ ပဲမျိုးစုံ၊ ထန်းလျက်မျိုးစုံ၊ နွားနို့၊ ထောပတ်၊ ချက်နို့ဆီ စုံပါသည်။

အသပြာ ၃ ကျပ်ကနေ စပါသည်။ ကျပ်တထောင်သာမက ရူးပီးတထောင်လည်း ရဘူးသည်။

စာရင်းချုပ်သော် လွန်ခဲ့တဲ့ အနှစ် ၃၀-၅၀ ကနေ ကနေ့အထိ ဆေးကုသူတွေနဲ့ လူနာတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေ၊ လမ်းတွေမှာသာ ရုန်းကန်နေကြရဆဲ ဖြစ်ပါသည်။

ကျွန်တော်တို့က အနာရောဂါတွေကိုသာ ကုသပေးနိုင်ကြပါသည်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ