Drug Store ဆေးဝယ်သူများသို့
ကင်ဆာနေရာတွေမှာ မကြာခဏဖတ်ရတယ်။ ဒီဆေးက ပစ္စည်းပြတ်နေလို့ပါတဲ့။ ပြတ်နဲ့ ပျက်ကလည်း မှားသေးတာ။
ကျွန်တော် နယူးဒေလီမှာ ၂၄ နှစ်ကြာနေခဲ့တယ်။ ဆေးဆိုင်တွေကို အခေါက်ပေါင်း ထောင်သောင်း ရောက်ပါတယ်။
လာမေးတဲ့အချိန် သူတို့ဆိုင်မှာ ဆေးမရှိရင် အဲဒီဆေးကို မထုတ်တော့ဘူးတဲ့။ ဘယ်ဟုတ်ရမှာလဲ နောက်တဆိုင်မှာ ရတယ်။
ဈေးရောင်းတဲ့သူတွေနဲ့ဆက်ဆံရတာ အတော်ကို ဂွကျတယ်။
ဆေးဝယ်တဲ့သူတွေကလည်း ဗူးခွံလှရင် အဟုတ်ထင်တတ်ကြတယ်။
ဖေ့စ်ဘွတ်မှာ တယောက်က ကောင်းတယ်ဆို လိုက်ကောင်းကြတယ်။ ဂွကျတာဘဲ။
တကြိမ်က တင်ပြပြီးပြီ။ မြန်မာပြည်ကနေ ဆေးလာဝယ်တဲ့ ဆေးကုန်သည်တယောက်က အိန္ဒိယဆေးကုမ္ပဏီကို ဆေးအလေးချိန် လျှော့ထည့်ခိုင်းပြီး (ဥပမာ ၅၀၀ မီလီဂရမ်အစား ၂၅၀ မီလီဂရမ်) ၂၅၀ မီလီဂရမ်အတွက်က ငွေချေတယ်။ ကိုငွေကုလားကလည်း သဘောကောင်းသတဲ့။ ခိုင်သလို လုပ်ပေးလိုက်တယ်။
ကိုရွှေဗမာက မြန်မာပြည်ရောက်ရင် ၅၀၀ မီလီဂရမ်ဈေးနဲ့ ရောင်းလိမ့်မယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment