စေတနာမှာ ပညာမပါရင် ဒုက္ခပေးတယ် အဆက်
ကိုယ်ပိုင်ဆေးနည်းကို ဖျက်တယ်။ ဖျက်မဲ့အကြောင်း အကြိမ်ပေါင်းများစွာ တင်ပြထားတယ်။ မန်းဆေးကို ဆရာဝန်တွေက မသုံးပါ။ ဆေးသုတေသနမရှိပါ။
တမြန်နေ့က တယောက်က ပဋိဇီဝဆေး ခေါ် ပိုးသေဆေးကို မန်းဆေးလို့ပြောတာ မမှန်ကြောင်း ရေးတင်ထားတယ်။ မန်းဆေးဆိုတာ တရပ်မှာ တမျိုးခေါ်တယ်။
စေတနာမှာ ပညာပါမှသာ အကျိုးရှိစေတယ်။ မဟုတ်ရင် ဒုက္ခပေးတယ်။
မန်းဆေး လာတိုင်း ဖျက်တယ်အောက်မှာ လာပြန်တယ်။ ခြေစွယ်ငုပ်တဲ့နေရာကို ဆားပုံပြီး ရေစက်လေးချတာတော့ အဆင်ပြေတယ် ဆရာ။ အခုလက်ရှိ အုံလိုက်တာ ၂ခါတည်းနဲ့ အတော်သက်သာသွားတယ် တဲ့။
အရပ်ဆေးနည်း လမ်းဘေးဆေးနည်း တရုပ် ကုလားဆေးနည်းကိုသာ အားကိုးသူတွေက ဆရာဝန်ရေးတာ မဖတ်ကြပါ။
ထိုခိုက်ဒဏ်ရာရတိုင်း အရိုးကျိုးတာအပါအဝင် အလိုလို ပြန်ကောင်းစေအောင် လူ့ခန္ဓာကိုယ့် ကြိုးစားလုပ်ဆောင်ပါတယ်။ ပိုးတမျိုးမျိုးဝင်လာလည်း ခုခံတိုက်ထုတ်တယ်။ ဆုးစူးရင်လည်း ဆူကို ထုတ်နိုင်အောင် ကြိုးစားတယ်။
ဆေးတွေမပေါ်ခင်ကတည်းက အဲလိုအစွမ်းရှိလို့ ပျောက်ကင်းခဲ့တယ်။ ပျောက်တယ်ဆိုပေမဲ့ အချိန်ကြာတာတို့၊ နဂိုမူလအတိုင်း မဖြစ်တာတို့၊ ပိုးဝင်လို့ ဖျားနာ သေဆုံးတာတို့ ဖြစ်ခဲ့ရပါတယ်။
ကာကွယ်ဆေးတွေဆိုတာ ခုခံနိုင်စွမ်းအတုထည့်ပေးတာနဲ့ ခုခံနိုင်စွမ်းကို လှုံ့ဆော်တာ လုပ်ပေးတယ်။
ဆရာဝန်ဆေး၊ ဗမာဆေး၊ ကုလားဆေး၊ တရုပ်ဆေး၊ ကြော်ငြာဆေး၊ လမ်ဘေးဆေးတွေ မပါဘဲ ပျောက်နိုင်တာတွေ ရှိပါတယ်။ လမ်းလွဲလို့ ဒုက္ခရောက်တာ၊ ဆေးရုံတက်ရတာ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်တာ၊ သေဆုံးရတာတွေလည်း ရှိတယ်။
ဆရာဝန်တွေ မလိုတာလည်း ရှိနိုင်တယ်။ မဖြစ်မနေလိုအပ်တာလည်း တကယ်ရှိပါတယ်။
စေတနာမှာ ပညာမပါရင် ဒုက္ခပေးတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment