amivantamab cancer research ကင်ဆာဆေးသုတေသနသတင်း
ဂျေရုဆလင်ပို့စ် / ကျန်းမာရေးနှင့် သုခကဏ္ဍ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်၊ ၂၀:၀၈ နာရီ
ကင်ဆာထိုးဆေးအသစ်က လူနာများရှိ သားအိမ်/အကျိတ်တခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ကြောင်း စမ်းသပ်မှုအစီရင်ခံစာက ဖော်ပြ
စမ်းသပ်မှုတွင် ပါဝင်သူ ၁၀၂ ဦးအနက် ၄၃ ဦးတွင် ကင်ဆာအကျိတ်အရွယ်အစား ပြောင်းလဲသွားသည်ကို တွေ့ရှိရသည်။ ယင်းတို့အနက် ၂၈ ဦးတွင် ကင်ဆာအကျိတ်များ သိသိသာသာ သေးသိမ်ကျုံ့ဝင်သွားပြီး၊ အခြားလူနာ ၁၅ ဦးတွင်မူ ကင်ဆာအကျိတ်များ လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့သည်။
နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတခုတွင် အာနိသင် သုံးမျိုးစပ် ကင်ဆာထိုးဆေးဖြစ်သော အာမီဗန်တာမက်ဘ် (amivantamab) ကြောင့် လူနာ ၁၅ ဦးတွင် ကင်ဆာအကျိတ်များ လုံးဝ အမြစ်ပြတ်သွားပြီး၊ အခြားလူနာ ၂၈ ဦးတွင်လည်း အကျိတ်များ သိသိသာသာ ကျုံ့ဝင်သွားသည့် "မကြုံစဖူး ထူးခြားသော" ရလဒ်များအပေါ် ဆရာဝန်များက ဝမ်းမြောက်ဂုဏ်ပြုလျက် ရှိကြသည်။ အဆိုပါ သုတေသနသည် ပုံမှန်ကင်ဆာဆေး (Chemotherapy) နှင့် ခုခံအားမြှင့်ကင်ဆာဆေး (Immunotherapy) တို့ဖြင့် ကုသသော်လည်း မတိုးတော့ဘဲ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခြင်း သို့မဟုတ် ပြန်လည်ဖြစ်ပွားလာခြင်း ရှိသည့် အဆင့်မြင့် ဦးခေါင်းနှင့် လည်ပင်းကင်ဆာဝေဒနာရှင် ၁၀၂ ဦးကို စမ်းသပ်လေ့လာခဲ့ခြင်း ဖြစ်သည်။ ဤဆေးသည် အကြောဆေးသွင်းသကဲ့သို့ အချိန်အကြာကြီး ပေးရခြင်းမျိုး မဟုတ်ဘဲ အရေပြားအောက်သို့ ခပ်မြန်မြန် ထိုးနှံရုံမျှဖြင့် သီတင်းပတ်အနည်းငယ်အတွင်း ကင်ဆာအကျိတ်ကို သိသိသာသာ ကျုံ့ဝင်စေနိုင်ခဲ့ရာ၊ ကုသရန် ရွေးချယ်စရာ နည်းလမ်း အလွန်နည်းပါးနေသည့် ဝေဒနာရှင်များအတွက် ကြီးမားသော မျှော်လင့်ချက်အလင်းရောင်တခု ဖြစ်လာခဲ့သည်။
စမ်းသပ်မှုမှ အဓိကတွေ့ရှိချက်များ
• စမ်းသပ်မှုတွင် ပါဝင်သူဦးရေ - ၁၁ နိုင်ငံတွင် ပြုလုပ်သော စမ်းသပ်မှုအတွင်း လူနာစုစုပေါင်း ၁၀၂ ဦး ပါဝင်ခဲ့သည်။
• ခြုံငုံတုံ့ပြန်မှု ရလဒ် - စမ်းသပ်ခံလူနာ သုံးပုံတပုံကျော် (၄၃ ဦး) တွင် ကင်ဆာအကျိတ်များ သေးသိမ်သွားခြင်း သို့မဟုတ် လုံးဝ ပျောက်ကွယ်သွားခြင်း ရှိခဲ့သည်။
• အမြစ်ပြတ် ပျောက်ကွယ်ခြင်း - လူနာ ၁၅ ဦးတွင် ကင်ဆာအကျိတ်များ လုံးဝ အရည်ပျော် ပျောက်ကွယ်သွားခဲ့သည်။
• လျင်မြန်သော အာနိသင် - စမ်းသပ်ခံလူနာ တချို့တွင် ဆေးထိုးပြီး တပတ်မပြည့်မီ အချိန်အတွင်းမှာပင် ထင်ရှားသော အကျိတ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။
• အသက်ရှင်သန်မှုနှုန်း တိုးတက်လာခြင်း - ဆေးယဉ်နေပြီး ရောဂါပြင်းထန်လှသော ဤလူနာအုပ်စုအတွက် အလွန်အဓိပ္ပာယ်ရှိလှသည့် ပျမ်းမျှအသက်ရှင်သန်နိုင်မှု သက်တမ်း ၁၂.၅ လအထိ ရရှိခဲ့ကြသည်။
ဤ (Smart Jab) မည်သို့ အလုပ်လုပ်သနည်း
ဂျွန်ဆင်အင်န်ဂျွန်ဆင် (Johnson & Johnson) ကုမ္ပဏီက ထုတ်လုပ်သော အာမီဗန်တာမက်ဘ် (amivantamab) ဆေးသည် ကင်ဆာအကျိတ်ကို တပြိုင်တည်းတွင် သီးခြားလုပ်ဆောင်ချက် သုံးမျိုးဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည့် ကုထုံးဖြစ်သည် —
၁။ EGFR ကို ပိတ်ဆို့ခြင်း - ကင်ဆာအကျိတ်များ ကြီးထွားရန် အဓိကအားထားရသော အပြင်ဘက်အရေပြား ကြီးထွားမှုဆိုင်ရာ အချက်ပြပရိုတင်း (Epidermal growth factor receptor) ကို ပစ်မှတ်ထား ပိတ်ဆို့သည်။
၂။ MET လမ်းကြောင်းကို ဟန့်တားခြင်း - ကင်ဆာဆဲလ်များက ဆေးယဉ်ပါးလာစေရန်နှင့် ကုထုံးများကို ရှောင်တိမ်းရန် မကြာခဏ အသုံးပြုလေ့ရှိသော MET လမ်းကြောင်းကို ပိတ်ဆို့ ဟန့်တားသည်။
၃။ ခုခံအားစနစ်ကို နှိုးဆွခြင်း - လူနာ၏ ကိုယ်ခံအားစနစ်က ကင်ဆာအကျိတ်ကို မှတ်မိသိရှိနိုင်ရန် လမ်းညွှန်အမှတ်အသား ပြုလုပ်ပေးပြီး၊ ခန္ဓာကိုယ်၏ သဘာဝခုခံကာကွယ်ရေးစနစ်ဖြင့် ကင်ဆာကို တက်ကြွစွာ ချေမှုန်းဖျက်ဆီးစေရန် လေ့ကျင့်ပေးသည်။
ဒီအချက်အလက်တွေကနေ သတင်းပါ အကြောင်းအရာတွေကို ပိုမိုခိုင်မာစေတဲ့ ဆေးပညာဆိုင်ရာ အချက်အလက် (၃) ခုကို စိစစ်တွေ့ရှိရပါတယ် —
၁။ သုတေသနစာတမ်းနှင့် ဆေးအမည်စစ်စစ်
• သုတေသနအမည် - ဤဆေးဘက်ဆိုင်ရာ စမ်းသပ်မှုကြီးကို "PALOMA-3 Study" (Phase III) ဟု ခေါ်တွင်ပြီး နာမည်ကြီး ဆေးပညာဂျာနယ်ဖြစ်သော Journal of Clinical Oncology တွင် တရားဝင် ပုံနှိပ်ဖော်ပြထားခြင်း ဖြစ်သည်။
• ဆေးဝါးအမည် - သတင်းတွင် ပါရှိသော အာမီဗန်တာမက်ဘ် (Amivantamab) အရေပြားအောက်ထိုးဆေးကို ကူးသန်းရောင်းဝယ်ရေးအမည် (Brand Name) အားဖြင့် RYBREVANT FASPRO™ ဟု ခေါ်ပါသည်။ (၎င်းတွင် ဆေးအာနိသင် ပိုမိုမြန်ဆန် ထိရောက်စေရန် amivantamab နှင့် hyaluronidase-lpuj တို့ကို ပေါင်းစပ်ထားသည်။)
၂။ ဆေးအာနိသင် ပိုမိုတိကျသော အချက်အလက်များ
• EGFR နှင့် MET ကို တပြိုင်တည်းပစ်မှတ်ထားခြင်း - ဤဆေးသည် ဆဲလ်အပြင်ဘက်အရေပြားကြီးထွားမှုဆိုင်ရာ အချက်ပြပရိုတင်း (EGFR) နှင့် ကင်ဆာဆဲလ်များ ဆေးယဉ်ပါးမှုကို ဖြစ်စေသော လမ်းကြောင်း (MET) နှစ်ခုစလုံးကို တပြိုင်တည်း ပိတ်ဆို့တိုက်ခိုက်နိုင်သည့် "Dual Inhibitor" (နှစ်မျိုးတွဲပိတ်ဆို့ကုထုံး) ဖြစ်ကြောင်း အတည်ပြုထားသည်။
• အရေပြားအောက်ထိုးဆေးစနစ် - ဦးခေါင်းနှင့် လည်ပင်းကင်ဆာဝေဒနာရှင်များအတွက် အရေပြားအောက်သို့ တိုက်ရိုက်ထိုးနှံနိုင်သည့် ပထမဆုံးနှင့် တခုတည်းသော (First and only subcutaneous therapy) စမ်းသပ်ဆေးဝါး ဖြစ်သည်။
၃။ ကမ္ဘာ့ပထမဆုံးဖြစ်လာရန် အမေရိကန် FDA သို့ တင်ပြထားမှု
• ယခုအခါ ထုတ်လုပ်သူ ဂျွန်ဆင်အင်န်ဂျွန်ဆင် (Johnson & Johnson) ကုမ္ပဏီအနေဖြင့် ဤဦးခေါင်းနှင့် လည်ပင်းကင်ဆာဝေဒနာ ကုထုံးအသစ်အတွက် တရားဝင် ခွင့်ပြုချက်ရရှိရန် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (U.S. FDA) သို့ နောက်ဆက်တွဲ ဇီဝဆေးဝါးလိုင်စင်လျှောက်ထားလွှာ (supplemental Biologics License Application) ကို ပေးပို့တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။
မှတ်ရန်
စမ်းသပ်မှုအဆင့်သတင်းသာ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment