ဟင်းသီးဟင်းရွက်များနှင့် သွေးတိုးခြင်း (သွေးဖိအား)
• သနပ်၊ အချဉ်ဖတ် သို့မဟုတ် စည်သွပ်ဟင်းသီးဟင်းရွက်များ - ၎င်းတို့တွင် ဆိုဒီယမ် (ဆားဓာတ်) မြင့်မားစွာ ပါဝင်သဖြင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို အောင်းစေပြီး သွေးဖိအားကို တိုက်ရိုက် မြင့်တက်စေနိုင်ပါသည်။
• အနှစ် သို့မဟုတ် ဆော့စ်များဆမ်းထားသော ဟင်းသီးဟင်းရွက်များ - ဟင်းသီးဟင်းရွက်များတွင် ပဲငံပြာရည်၊ အဆင်သင့်ဘူးသွပ် ဆော့စ်များ သို့မဟုတ် ပျစ်ခဲသောအနှစ်များ ထည့်သွင်းခြင်းဖြင့် သွေးဖိအားကို မြင့်တက်စေမည့် ဆားနှင့် သကြားဓာတ်များကို မသိမသာ ရောနှောထည့်သွင်းမိသကဲ့သို့ ဖြစ်စေပါသည်။
• ဘရပ်ဆဲလ်ပင်ပေါက် (Brussels Sprouts / မုန်လာထုပ်အသေးစား) - လက်တွေ့စမ်းသပ်မှု သုတေသနအချို့အရ ဘရပ်ဆဲလ်ပင်ပေါက်ကို အလွန်အကျွံ စားသုံးခြင်းသည် (တပတ်လျှင် ၄ ကြိမ်နှင့်အထက်) သွေးတိုးရောဂါ ဖြစ်နိုင်ခြေ မြင့်မားခြင်းနှင့် အနည်းငယ် ဆက်စပ်မှုရှိနေကြောင်း တွေ့ရှိရသော်လည်း တိကျသော အကြောင်းရင်းကိုမူ ယခုတိုင် အငြင်းပွားနေဆဲ ဖြစ်သည်။
မိမိခန္ဓာကိုယ်နှင့် ကိုက်ညီမည့် အကြံဉာဏ်များ ရရှိနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ သို့မဟုတ် အာဟာရပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
သွေးတိုးဝေဒနာရှင်များ ရှောင်ကြဉ်ရမည့် အစားအစာ ၈ မျိုး
၁။ ဆိုင်စာ၊ စားသောက်ဆိုင် အစားအစာများ ၂။ ဒိန်ခဲ (Cheese) ၃။ ဟင်းခတ်အမွှေးအကြိုင်နှင့် အချဉ်ရည်၊ ဆော့စ်အမျိုးမျိုး (Condiments) ၄။ စည်သွပ်ပဲဘူးများ (ရေမဆေးဘဲ စားသုံးခြင်း) ၅။ ဖုတ်ထားသော မုန့်အမျိုးမျိုး (Baked goods) ၆။ နွယ်ချိုနက် (Black licorice) ၇။ အရက်၊ သေစာ ၈။ အသားပြား ညှပ်မုန့်များ (Deli sandwiches)
လူအများစာသုံးကြတဲ့ ဟင်းဟင်းရွက်တွက သွေးမတိုးစေပါ။
အရပ်ပြော အသီးအရွက်တွေကနေ တက်တယ်၊ သွေးတိုးမယ်လို့ပြောတာတွေ မှားတယ်။ တွဲဖက်စားတဲ့ ငပိ၊ ငန်ပြည်၊ ငါးပိရည်၊ ငါးခေါက် တွေကသာ သွေးဖိအားတက်စေတယ်။ အငန်တွေစားပြီး တမာရွက်၊ ဆူးပုပ်ရွက်တွကို လွှဲမချပါနဲ့။
စိမ်းစိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို အချဉ်တည်ရင် ဆားများလို့ သွေးတိုးစေနိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment