ဆရာရှင့်
ကျွန်မ အမျိုးသားက အသက် ၄၇နှစ်ပါ ကားမောင်းပါတယ်ရှင့် ပြီးခဲ့တဲ့တပတ်လောက်က သွေးတိုးပြီး အကြောတွေတက်ပါတယ်ရှင့် သွေးတိုးကကျသွားပါပြီရှင့် အကြောတက်တာကလဲမျက်စိပါဝါစစ်ပြီး မျက်မှန်တက်ရပါတယ်ရှင့် မျက်မှန်ပါဝါမျက်စိတဖက်ကို ၁၅၀ပါ နှစ်ဖက်ဆို ၃၀၀ ပါ။လုပ်သင့်လုပ်ထိုက်တာတွေလဲ လုပ်ပေးပြီးပါပြီရှင့် ဒါပေမဲ့ နားအုံနေပါတယ်တဲ့ရှင့် နားကိုလက်နဲ့ပိတ်ထားပြီး လက်ပြန်ဖွင့်ရင် နားကခဏတော့ကြည်ပြီး နားထောင်လို့ကောင်းပါတယ်ရှင့် တော်ကြာနေရင်နားကပြန်အုံလာပါတယ်တဲ့ရှင့် အဲ့လိုဖြစ်နေတာ တပတ်လောက်ရှိနေပါပြီ ဆရာရှင့် ဘယ်လိုများ လုပ်ပေးသင့်လဲရှင် ဘာဆေးတွေများမှီဝဲသင့်လဲရှင် ညွှန်ကြားပြသပေးပါဦးရှင် အနူးညွှတ်လေးစားစွာတောင်းပန်ပါတယ်ရှင့် စာလုံးပေါင်းများမှားသွားရင်လဲ တောင်းပန်ပါတယ်ရှင့်။
မေးခွန်းကို အတော်ပြန်ရှာယူရတယ်။ ညမအိပ်ခင်က ဖုန်းမှာတွေ့လိုက်တယ်။ မနက်ကျမှဖြေပါမည်လို့ ရေးထားလိုက်တယ်။ တမြန်နေ့ကလာ မသိ။
Fri 12:43 AM တဲ့ ၃ ရက်ရှိပြီ။ ဆောရီး။
မေးခွန်းလာစရာက ၃ နေရာဖြစ်တော့ တမင်တကာလိုက်ရှာမှသာ တွေ့ပါတယ်။
သွေးတိုး အထက်နဲ့အောက်ဂဏန်းတွေ မသိရပါ။
နားကိုလည်း စစ်ရမယ်။ နားဖါဖြစ်နိုင်ခြေများတယ်။ နားဖါရှင်းဆေးရည် အလွယ်ဝယ်လို့ရနိုင်တယ်။ ဈေးမကြီးလောက်ပါ။
နောက်တချက်က အာခေါင်နဲ့နားကြား လမ်းမှာ ဆို့နေတာ။ အအေးမိတဲ့အခါ ဖြစ်တတ်တယ်။ ပါရာစီတမောနဲ့လည်း ကောင်းနိုင်တယ်။
ခံတွင်းကို ဆား + ရေနွေးနဲ့ သန့်ပေးတာလည်း ကောင်းတယ်။
လိုသေး မေးနိုင်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment