Deaf, dumb and blind doctor သတ္တမမြောက် ပုဏ္ဏား

အသက်မပြောပဲ မေးကြသူတွေကတော့ ထုံးစံအတိုင်း တထိုင်တည်းမှာ ရေတွက်မထားနိုင်ပါ။ သည်လိုကလည်း လာသေးတာ။ တယောက်တည်းကနေ မေးတာပါ။ မတ်လတုန်းကတခါ အခုတခါ။ 

MAR 2ND, 5:03AM

နာမည်က မ့။ အိမ်ထောင်မရှိပါ။ အသက်က ၃၁ နှစ်ပါဆရာ။ မန္တလေးတိုင်း၊ မြင်းခြံမြို့ကပါဆရာ။ ဒူးနာနေတာ ၁ဝ လရှိပါပြီ။ အကွေးအဆန့်တိုင်း နာနေတာပါ။

9:41AM

မင်္ဂလာပါဆရာ။ Rubella အကြောင်းသိပါရစေရှင့်။ ဆရာရေးထားတဲ့ CMV အကြောင်းဖတ်ရပြီး သားလေး (၁နှစ်၂လ) ခဏခဏဖျားနေလို့ ကလေးအထူးကုနဲ့ပြပြီး စစ်လိုက်တာ Rubella Ig G က reactive ဖြစ်နေပါတဟ်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။

အသက် ကျားမ ပြောရဲကြပါစေ။

မျက်မမြင်ပုဏ္ကား ၆ ယောက်က ကျွန်တော့ထက်သာကြတယ်။ သူတို့က လက်နဲ့ စမ်းလို့ရသေးတယ်။

၁၀ နှစ်ကြာ ပြောဖန်များတော့ တော်လာပါပြီ။

မြန်မာစာကတော့ ၁၅ နှစ်။

ဒေါက်တာတင့်ဆွေ

၉-၆-၂၀၁၅

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ