နှလုံးကြွက်သားထူခြင်း ရောဂါ (Hypertrophic cardiomyopathy - HCM)

ကျန်းမာရေးပညာပေးကို အဲလိုပုံနဲ့ တင်ထားသည်။

စာမဖတ်ရင် အစားအသောက်ကြော်ငြာလား ထင်စေပါသည်။

မြန်မာလိုတင်နေကြတာတွေ အတော်များများကိုလည်း နည်းနည်းလောက်ဖတ်ကြည့်မှသာ သဘောပေါက်သည်။

ကုန်ရေားင်တာလား၊ လူရောင်းတာလား မသိ။

အချက်အလက်ရေးတာလား၊ ပုံအစွမ်းပြတာလား မသိ။

တရားပြတာလား AI နဲ့လုပ်ထားတဲ့ဘုရားပုံကြွားတာလား မသိ။

နှလုံးကြွက်သားထူခြင်း ရောဂါ (HCM) ဆိုသည်မှာ နှလုံး၏ တည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သော မျိုးရိုးလိုက်တတ်သည့် ရောဂါအခြေအနေတခု ဖြစ်ပါသည်။ သို့သော်လည်း HCM ရောဂါရှိသူများသည် ပုံမှန်အားဖြင့် သာမန်လူများကဲ့သို့ပင် သက်တမ်းစေ့ နေထိုင်သွားနိုင်ကြပါသည်။

HCM သည် နှလုံးကြွက်သားများကို သက်ရောက်မှုရှိစေသည့် ပရိုတင်းဓာတ်တခုအတွက် ကုဒ်ဖော်ပေးသော မျိုးဗီဇ (Gene) ပြောင်းလဲဖောက်ပြန်မှုကြောင့် ဖြစ်ပွားရသည့် မျိုးရိုးလိုက်ရောဂါတခု ဖြစ်ပါသည်။ ဤအခြေအနေကြောင့် HCM ရှိသူတဦးတွင် ပုံမှန်မဟုတ်ဘဲ ဘယ်ဘက်နှလုံးအောက်ခန်းနှစ်ခန်းကို ခြားထားသည့်နံရံ ပိုမိုထူထဲလာရခြင်း ဖြစ်ပါသည်။ နှလုံးအောက်ခန်း (Ventricles) ဆိုသည်မှာ သွေးများကို လက်ခံရယူပြီးနောက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည်ညှစ်ထုတ်ပေးရသည့် နှလုံး၏ အောက်ဘက် အခန်းနှစ်ခန်း ဖြစ်ပါသည်။

နှလုံးအောက်ခန်းနှစ်ခန်းကို ခြားထားသည့်နံရံ ပိုမိုထူထဲလာသည့်အခါ နှလုံးမှ သွေးများကို အပြင်သို့ ညှစ်ထုတ်ရန်နှင့် ခန္ဓာကိုယ်အနှံ့သို့ ပို့လွှတ်ရန် ပိုမိုခက်ခဲသွားစေနိုင်ပါသည်။ ၎င်းကြောင့် မောပန်းလွယ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း (Dyspnea)၊ ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်းနှင့် သတိလစ်မေ့မြောခြင်း (Syncope) စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါသည်။

HCM ရှိသူတဦးသည် အထူးသဖြင့် နှလုံးကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံကို လိုက်နာနေထိုင်မည်ဆိုပါက ယေဘုယျအားဖြင့် သာမန်လူများကဲ့သို့ပင် သက်တမ်းစေ့ နေနိုင်ပါသည်။ သို့သော်လည်း လူနည်းစုတွင်မူ ရုတ်တရက် သေဆုံးခြင်းနှင့် နှလုံးအလုပ်မလုပ်တော့ခြင်း (Heart failure) အပါအဝင် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပွားနိုင်သည့် အန္တရာယ် ရှိနေပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ