Own Nothing ကိုယ်ပိုင်တာ မရှိခြင်းတရား
မကြာခဏ ဖြေရပါတယ်။
အများဆုံးသုံးနေတဲ့ ဖေ့စ်ဘွတ်က ရက်ပေါင်း ၁၈၀ ပိတ်ပင်ခံရတယ်။ အဟောင်းတွေပြန်ရှာသုံးတော့လည်း ၂၉ ရက်ပိတ်ပြန်တယ်။
အခု ၄ နှစ်ကအဟောင်းကို သုံးနေပါတယ်။ အဲဒါကိုလည်း ၂၄ နာရီပိတ်တာ ၁၆ ခါခံရတယ်။
ဖရင်းစာရင်းတွေ ဟိုရောက်ဒီရောက်ဖြစ်ကုန်တယ်။
မက်စင်ဂျာတွေလည်း သိတဲ့သူ သိ၊ မသိသူတွေက မသိ။
ဖေ့စ်ဘွတ်က ဒုက္ခပေးတိုင်း အဲလို ကမောက်ကမတွေ ဖြစ်ပါတယ်။ အခုနည်းနည်းတော့ ဣန္ဒြေရနေပြန်တယ်။ အရာရာ ကိုယ့်ဟာမဟုတ်။
ကျွန်တော်က အိမ်နေချိန် ၈-၁၀ နာရီသာ နားပါတယ်။ မှတ်မိသလောက် တရက်အထိနားတာ ရှားတယ်။
ကိုယ်ပိုင်တာရယ်လို့ မရှိခြင်းတရားကို နည်းနည်းတော့ သဘောပေါက်စေတယ်။
ရေးတဲ့သူကို မမေးဘဲ မှန်းလိုက်ရင် မြန်မာပြည်မှာနေသူဖြစ်ပါတယ်။ ကျွန်တော် အခုနေတဲ့နေရာက မြန်မာစံတော်ချိန်ထက် နွေရာသီမှာ ၁၀ နာရီခွဲ၊ ဆောင်းရာသီမှာ ၁၁ နာရီခွဲ နောက်ကျတယ်။
နယူးဒေလီမှာတုန်းကတော တနာရီသာ နောက်ကျတယ်။
ဒေါက်တာတင့်ဆွေ
၄-၆-၂၀၂၄

Comments
Post a Comment